Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူငယ်တွေရဲ့ စစ်အာဏာရှင် တွန်းလှန်မှု မှတ်တမ်းသတင်းအတွက် RFA ဆုနှစ်ခုရ

မြန်မာ လူငယ်တွေက စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေတဲ့အကြောင်း အထူးသတင်းမှတ်တမ်း တင်ဆက်မှုအတွက် လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနဟာ မီဒီယာဆိုင်ရာ ဂုဏ်ပြုဆု နှစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

ဓာတ်ပုံ - RFA

မြန်မာ လူငယ်တွေက စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေတဲ့အကြောင်း အထူးသတင်းမှတ်တမ်း တင်ဆက်မှုအတွက် လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနဟာ မီဒီယာဆိုင်ရာ ဂုဏ်ပြုဆု နှစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

အက်ဒွပ်အာရ်မူရို အမျိုးသား မီဒီယာ ထူးချွန်ဆု နှစ်ခုကို RFAက ရရှိခဲ့တာပါ။ အဲဒီဆုဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ရေဒီယို သတင်းထုတ်လွှင့်မှုတွေကြောင့် နာမည်ကျော်ခဲ့တဲ့ အမေရိကန် ဂျာနယ်လစ် မူရိုကို ဂုဏ်ပြုပြီး နာမည် မှည့်ခေါ်ထားပြီး အမေရိကန် အခြေစိုက် Radio Television Digital News Association (RTDNA) အဖွဲ့က ချီးမြှင့်တာ ဖြစ်ပါတယ်။

RFA အနေနဲ့ အမေရိကန် အစိုးရဆီက ထောက်ပံ့စရိတ် ဖြတ်တောက်မှုတွေကြောင့် အကြီးအကျယ် ရုန်းကန်နေရတဲ့ ကာလတစ်ခုမှာ အခုလို ဂုဏ်ယူစရာ ဆုတွေကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ RFAရဲ့ ဝန်ထမ်းအင်အား စုစုပေါင်း ၉၀ ရာခိုင်နှုန်းလောက်ဟာ လစာမဲ့ ခွင့်တွေယူထားရ၊ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ခံထားရပါတယ်။

RFAကတော့ အဲဒီလို စရိတ်ဖြတ်တောက် လျှော့ချခံရမှုတွေကို တရားရေးအရ တုံ့ပြန်စိန်ခေါ်ဖို့ ကြိုးစားနေဆဲပါ။

Public Service Announcement

Public Service Announcement

မြန်မာ့မီဒီယာ ရပ်ဝန်းကို အာဏာသိမ်း စစ်တပ်နဲ့ တရုတ် အထောက်အပံ့ခံ မီဒီယာတွေက လွှမ်းမိုးထားတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်ရတာ အများကြီး ခက်ခဲကြောင်း၊ အဲဒီလို စိန်ခေါ်မှု ကြီးမားလှတဲ့ အခြေအနေမှာ အချက်အလက် အမှန်တွေကို အခြေခံတဲ့ သတင်းတွေ တင်ပြဖို့ ဆိုတာက RFAရဲ့ တာဝန်လို့ ခံယူကြောင်း သတင်းဌာနနဲ့ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ဘေးဖန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဂျန်ဇီလို့ခေါ်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေက တွန်းလှန်ရင်း နိုင်ငံရဲ့ အနာဂတ်အတွက် ရုန်းကန်နေကြတဲ့ အကြောင်း အထူးသတင်းဆောင်းပါးနဲ့ မှတ်တမ်းဗီဒီယိုတွေအတွက် RFAဟာ ဂုဏ်ပြုဆု နှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Myanmar’s Gen Z fighting for a nation’s futureလို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အထူးသတင်း မှတ်တမ်းတွေကို RFAက မနှစ်က နိုဝင်ဘာလမှာ အပိုင်းလိုက် ဖော်ပြခဲ့တာပါ။

RFA Burmese အပါအဝင် ကွဲပြားတဲ့ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ သတင်းဝန်ဆောင်မှုတွေ ရပ်နားထားရတဲ့တိုင် အာရှ-ပစိဖိတ် ဒေသတွင်းမှာ RFAရဲ့ သက်ရောက်မှုတွေက ဘယ်လောက် အရေးပါခဲ့သလဲဆိုတာ ဒီဆုတွေက သက်သေခံနေတယ်လို့ ဖန်းက ထောက်ပြသွားပါတယ်။

ရရှိထားတဲ့ ဆုတွေကိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကျရင် RTDNAက RFAဆီ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: RFA

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။