Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံခြားသူ ခရီးသည်ကို မုဒိမ်းကျင့်ကြောင်း စွပ်စွဲချက်နဲ့ ထိုင်းတက္ကစီ ယာဉ်မောင်းတစ်ဦး အဖမ်းခံထားရ

ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးကို မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းမှာ ဆယ်ကျော်သက် တက္ကစီယာဉ်မောင်းတစ်ဦး ဖမ်းဆီး ခံထားရပါတယ်။

Photo: Thalang police station

ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးကို မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းမှာ ဆယ်ကျော်သက် တက္ကစီယာဉ်မောင်းတစ်ဦး ဖမ်းဆီး ခံထားရပါတယ်။

အသက် ၁၉ နှစ်အရွယ် တက္ကစီသမားဟာ အာဖရိကန် အမျိုးသမီး ခရီးသည် တစ်ဦးကို မုဒိမ်းကျင့်ပြီး ဖုန်းကိုလည်း လုယက် ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အသက် ၂၈ နှစ်အရွယ် တရားလို အမျိုးသမီးက သူဟာ ပုဂ္ဂလိက ကျောင်းတစ်ခုက ဆရာမလို့ ရဲတွေကို ပြောကြားခဲ့ပါတယ်။

အမျိုးသမီးက သာလန်ခရိုင် ရဲစခန်းမှာ ဩဂုတ် ၂၄ ရက် မနက်ပိုင်းတုန်းက တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၂၃ ရက် ညပိုင်းက ကားငှားစီးခဲ့တဲ့နောက် သာလန်မှာရှိတဲ့ ဆွိုင်ဆွမ်ဘွန်း ဆာပင် ဧရိယာနားမှာ ယာဉ်မောင်းက ကားကို ရပ်ခဲ့ကြောင်း၊ ပြီးတော့ သူ့ကို ကားပေါ်က ဆွဲချပြီး လမ်းဘေးမှာ မုဒိမ်းကျင့်ခဲ့တဲ့အပြင် ဖုန်းကိုလည်း လုယက် ယူဆောင်သွားတာဖြစ်ကြောင်း တရားလို အမျိုးသမီးက ပြောပါတယ်။

သူက သူငယ်ချင်း တစ်ဦးနဲ့ အတူကားငှားစီးခဲ့ပေမယ့် သူငယ်ချင်းကို ချထားပေးပြီးတဲ့နောက် ကားပေါ်မှာ နှစ်ဦးတည်း ကျန်တဲ့အချိန် ယာဉ်မောင်းက ရာဇဝတ်မှု ကျူးလွန်ခဲ့တာလို့လည်း တရားလိုဖက်က ထွက်ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက အမျိုးသမီးကို သာလန် ဆေးရုံဆီ ခေါ်ဆောင်သွားပြီး မှုခင်းဆိုင်ရာ ဆေးစစ်မှုတွေ လုပ်ဆောင်ထားစေပါတယ်။

အသက် ၁၉ နှစ်အရွယ် ယာဉ်မောင်းကိုတော့ သာလန်မှာရှိတဲ့ အိမ်တစ်လုံးမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူက အမျိုးသမီးကို မုဒိမ်းကျင့်တယ် ဆိုတာကို ငြင်းဆိုထားပြီး အမျိုးသမီးက ကားခ မတတ်နိုင်တဲ့အတွက် လိင်ဆက်ဆံဖို့ အလိုတူ အလိုပါ ကမ်းလှမ်းခဲ့တာလို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

ရဲတွေကတော့ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲလို့ ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။