Connect with us

Hi, what are you looking for?

သတင်း

ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWM အဖွဲ့ပြော

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

BWMနှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − BWM

ဩဂုတ်-၂၆၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“တစ်နိုင်ငံလုံးက စစ်အုပ်စုရဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးတွေ စုပြုံရောက်နေတဲ့နေရာ၊ စစ်ရေးအရ မဟာဗျူဟာမြောက်တဲ့နေရာမိုလို့ တိုက်ခိုက်တာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ သင်တန်းကျောင်းတွင် ဩဂုတ် ၂၅ ရက်ကစတင်၍ စစ်ကောင်စီ၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်သည်ဟု အတွင်းသတင်းရရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၄၃မိနစ်တွင် တိုက်ခိုက်ရေးသင်တန်းကျောင်းကို BWM ၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့နှင့် ပူးပေါင်း၍ ၁၀၇ မမရှော့တိုက်ဒုန်း ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိရောက်ပါတယ်။ ပစ်ပြီး နာရီဝက်လောက်မှာလက်နက်ကြီးသုံးလုံးပြန်ပစ်ပါတယ်။ ဒါပေမယ့် ရဲဘော်အားလုံးဘေးကင်းပါတယ်” ဟု ပစ်မှတ်ကိုထိထိရောက်ရောက်ပစ်နိုင်ခဲ့သည့် အကြောင်းကို အထက်ပါတာဝန်ရှိသူက ပြောသည်။

ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ စစ်ကောင်စီ၏ တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်သောကြောင့် BWM ၏ Mission 44 အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စကစနောက်လိုက်တို့ သည်လဲ အချိန်မရွေး အတိုက်အခိုက်ခံရ၊ နေရာမရွေး အသက်ဆုံးရှုံး နိုင်သည်ဟူသော စိတ်မလုံခြုံသော ခံစားချက် ကို ခံစားစေရန်လဲ ရည်ရွယ်ပါသည်။” ဟု BWM ကထုတ်ပြန်ထားသည်။

BWM အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ ဩဂုတ် ၂၀ရက်က သပိတ်ကျင်းမြို့ရှိ တပ်မတော်တန်းမြင့်သင်တန်းကျောင်း(တတက-၁၃) ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။