Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမြို့ရှော့တိုက်ဒုန်းပစ်ခတ်ခံရပြီး ပြည်သူတဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရ

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

(လားရှိုးမြို့က အိမ်တစ်လုံး​ပေါ် ​ရှော့တိုက်ဒုံးကျပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇူလိုင်-၉၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်၉ရက်၊ ညနေ ၄နာရီ၅၀မိနစ်ခန့်မှာ လားရှိုး မြို့ပေါ်ရပ်ကွက်(၆)နဲ့ ရပ်ကွက်(၁၀)ထဲကို ရှော့တိုက်ဒုန်း နှစ်လုံး ကျရောက်ပေါက်ကွဲပြီး စုစုပေါင်း ပေါက်ကွဲသံ သုံးချက်ကြားရတယ်လို့ မြို့ခံတွေကပြောပါတယ်။

” ပြင်းတယ်နော် အရမ်း။ ရပ်ကွက်(၁၀)ထဲကိုကျတာမှာ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်သေဆုံးတယ်။ရပ်ကွက်(၆)မှာကတော့ အိမ်ထိတယ်။လူဒဏ်ရာရတယ်။ အခုဘာတွေဆက်ဖြစ်မလဲမသိလို့ကြောက်နေကြတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၃၈နှစ်အရွယ်အမျိုးသမီးဖြစ်ပါတယ်။နေအိမ်ရဲ့အိပ်ခန်းထဲမှာရှိနေစဉ် ရှော့တိုက်ဒုန်းကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရပြီးသေဆုံးသွားတာလို့​ဒေသခံတဦးက​ပြောပါတယ်။

တစ်လုံးကတော့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲကို ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေကပြောပြီး အသေးစိတ်အပြင်မပြုနိုင်သေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ PDF အပါအဝင် မဟာမိတ်တပ်တွေက လားရှိုးမြို့ကို သိမ်းယူခဲ့ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်က လားရှိုးမြို့ကို MNDAA ထံမှ၂၀၂၅ ဧပြီလမှာ ပြန်လည်တောင်းယူထားတာပါ။ဒါ​ပေမယ့်မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီးဘေပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နဲ့ ဖေဖော်ဝါရီလ ၁၁ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၁)နယ်မြေ(၉)ထဲကိုရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။ ဧပြီလ ၂၃ရက်နေ့ကလည်း လားရှိုးမြို့အဝင်ခြေလျင်တပ်ရင်း ခလရ(၄၁)ထဲကို ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို​တော့မသိရှိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။