Connect with us

Hi, what are you looking for?

သတင်း

AA ကစစ်ရှိန်ပြန်မြှင့်ပြီးနောက်ကျောက်ဖြူမှ စခန်းအချို့ကိုပြန်သိမ်း၊ စစ်သင်္ဘောတစ်စီးကိုပစ်ခတ်ဖျက်ဆီး

ကျောက်ဖြူတွင် ပြီးခဲ့သည့်ဇူလိုင်လကတိုက်ပွဲများအတွင်း လက်လွှတ်ခဲ့ရသည့်စခန်းချို့ကို အာရက္ခတပ်​တော်( AA)ကပြန်လည်သိမ်းယူနေပြီး စစ်သင်္ဘောတစ်စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ၊၈ ရက်နေ့များတွင်ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့​သောစစ်ကောင်စီ၏ စစ်သင်္ဘော​ပေါ်မှ AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Infodesk

သြဂုတ်-၃၀၊၂၀၂၅။လူအေး/People’s Spring

ကျောက်ဖြူတွင် ပြီးခဲ့သည့်ဇူလိုင်လကတိုက်ပွဲများအတွင်း လက်လွှတ်ခဲ့ရသည့်စခန်းချို့ကို အာရက္ခတပ်​တော်( AA)ကပြန်လည်သိမ်းယူနေပြီး စစ်သင်္ဘောတစ်စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ဩဂုတ်လ‌နှောင်းပိုင်းတိုက်ပွဲများတွင် ကျောက်ဖြူမြို့၊ လိပ်ခမော်ကျေးရွာရှိ စစ်တပ်စခန်းကို AA ကသိမ်းယူခဲ့ပြီး ပျားတဲ၊ သပြုတောင်၊ မလကျွန်းတို့တွင်တိုက်ပွဲဆက်ပြင်းထန်နေကြောင်းရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဇူလိုင်လတုန်းကAAနောက်ဆုတ်ပေးထားတဲ့စခန်းတွေကို စစ်တပ်ကပြန်ထိုင်နေတာလေ။ အခုက တိုက်ပွဲ ပြန်ဖြစ်ပြီး စစ်တပ်ပြန်ဆုတ်ခွာနေရတယ်။ ဒီရက်ပြန်သိမ်းတာကလိပ်ခမော်”ဟု၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ၂၀ရက်ပတ်ဝန်းကျင်က လိပ်ခမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀၀ ကျော်ကြောင်း စစ်ရေးသတင်းရေးမြစ်အချို့ကပြောသည်။

ထိုအပြင် စစ်ကောင်စီက ကျောက်ဖြူနှင့် ရမ်းဗြဲကျွန်းဆက်စပ်နေရာမှ ပင်လယ်ပြင်တွင် ရပ်တန့်ထားသော စစ်သင်္ဘောများအနက်တစ်စီးကို သြဂုတ် ၂၉ ရက်ညနေပိုင်းတွင် ဟောင်ဝစ်ဇာနှင့်ပစ်ခတ်ခဲ့ရာထိမှန်ပြီး မီးလောင်ပျက်စီးသွားကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနအချို့အား ဖြေကြားထားသည်။

ရခိုင်စစ်ရေးသတင်းရင်းမြစ်ကလည်း “AAက စခန်းတွေပြန် သိမ်းနေတာလည်း ဟုတ်တယ်။ စစ်သင်္ဘောကို ဖျက်ဆီးတာလည်း ဟုတ်တယ်။ စစ်တပ်က လေကြောင်းကနေလည်း ပစ်တယ်၊ဒရုန်းလည်း ပစ်တယ်။ စစ်တပ်ဒရုန်းတချို့ ကျောက်ဖြူမြို့ထဲတင်ပျက်ကျတာရှိတယ်”ဟုပြောသည်။

AAသည် ရခိုင်ပြည်နယ်မှ ၁၄မြို့နယ်ကိုသိမ်းယူပြီးနောက် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးကာကင်းများကို သိမ်းယူနိုင်သည်အထိစစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်းလျော့ကျသွားခဲ့သည်။

စစ်ရေးအရှိန် လျော့ကျနေစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။

AAက ယခုရက်ပိုင်းကဲ့သို့ သိသာသည့် စစ်ရေးအရှိန်မမြှင့်ခင် စစ်ကောင်စီက စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ ဗုံးကြဲခဲ့သည်။

ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီးကျောင်းနှင့်မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင် ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ရာ အရပ်သားထိခိုက်မှုများရှိခဲ့သည်။

ထိုအပြင်စစ်ကောင်စီသည်ဩဂုတ်လ (၂၅) ရက်နေ့က မြောက်ဦးမြို့အပြင် မင်းပြား နှင့် ပေါက်တောမြို့နယ်ရှိ လူနေ ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ရှိ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အားစစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၄ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook