Connect with us

Hi, what are you looking for?

သတင်း

နမခကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Chindwin Rocket Brothers -C.R.B အဖွဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ − C.R.B

သြဂုတ်−၃၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်၂၉ ရက်က ၁၀ ကြိမ်၊ သြဂုတ် ၂၆ ရက်က ၁၀ ​ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာသတင်းစုံစမ်းချက်တွေအရ စစ်တိုင်းရုံးက အရာရှိ(၃)ဦး၊ စစ်သား (၅)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရ စစ်သား ၇ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးတွေ ဘေးပတ်ဝန်းကျင်ကို၁၀လုံးအထက်ပြန်ပစ်ပါတယ်။ နောက်ရက်ထိလည်းပစ်နေတုန်းပါ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကတော့ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”လို့ C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နမခစစ်တိုင်းရုံးအတွင်းရှိ ယမ်းသိုလှောင်ရုံလည်း မီးလောင်ပျက်စီးတယ်လို့ C.R.B က ထုတ်ပြန်ပါတယ်။

အဆိုပါ ပျက်စီးထိခိုက်မှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

Chindwin Rocket Brothers-CRBက မုံရွာနမခအတွင်းကို ၇ ကြိမ်နဲ့ ၈ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးတွေကို မုံရွာခရိုင် ကွပ်ကဲရေးရဲ့ စီစဉ် ညွန်ကြားမှုနဲ့ ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Bandula Defense Force၊Budalin Defense Force၊Federal Democratic Force၊Chindwin Brothers ၊အုပ်ကြီးနှင့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မုံရွာနခမအတွင်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။