Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ အမျိုးသမီးမဟာမိတ်အင်အားစု (၅)နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Women Alliance Burma

စက်တင်ဘာ ၁၀၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီးမဟာမိတ်အင်အားစု(WAB) ရဲဘော်တွေက အမျိုးသား၊ အမျိုးသမီး၊ LGBT စတဲ့ ဂျန်ဒါခွဲခြားမှု ပပျောက်ရေး၊ တန်းတူအခွင့်အရေးပေး ဆက်ဆံရေး တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

တန်းတူရေးဆိုတာက အမျိုးသမီးတွေကို နေရာတစ်နေရာပေးထားရုံ၊ အရေအတွက်တစ်ခုအဖြစ် ထည့်သွင်းထားရုံနဲ့ ပြည့်စုံတာမဟုတ်ကြောင်း၊ သူတို့ရဲ့အသံကို ကြားရဖို့၊ ဆုံးဖြတ်ချက်တွေမှာ အမှန်တကယ် ပါဝင်နိုင်ဖို့နဲ့ အမျိုးသမီးဖြစ်ခြင်းကြောင့် နောက်တစ်လှမ်းဆုတ်နေရစရာမလိုတဲ့ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီးပေးနိုင်ဖို့ဖြစ်ကြောင်း WAB က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ ​တော်လှန်​ရေးတပ်​တွေကသတိပေးပါတယ်။

Facebook