Connect with us

Hi, what are you looking for?

သတင်း

AA က နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေး၊ နိုင်ငံကူးလက်မှတ် မဟုတ်

အာရက္ခတပ်တော်(AA)က နိုင်ငံကူးလက်မှတ် လုပ်ပေးထုတ်ပေးသည်ဟု ရေးသားချက်များမှားယွင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များအရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမှုသာရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးအား ပြောကြားသည်။

တောင်ကုတ်မြို့သိမ်းပြီးနောက်တွေ့ရသော AA တပ်ဖွဲ့ဝင်တချို့။ ဓာတ်ပုံ- AA info Desk

စက်တင်ဘာ−၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA)က နိုင်ငံကူးလက်မှတ် လုပ်ပေးထုတ်ပေးသည်ဟု ရေးသားချက်များမှားယွင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များအရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမှုသာရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးအား ပြောကြားသည်။

ယခုရက်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်သူများအတွက် AAက ထုတ်ပေးသည့် လက်မှတ်ကို လူမှုကွန်ရက်ပေါ် ဖော်ပြပြီး AAက အကောင်အထည်ဖော်နေသည့် Passport ဟု ရေးသားချက်များအပေါ် ယခုကဲ့သို့ရှင်းလင်းခြင်းဖြစ်သည်။

“ဒီဟာကတော့ အွန်လိုင်းပေါ်မှာဖွနေကြသလို နိုင်ငံကူးလက်မှတ်မဟုတ်ပါဘူး။ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနှင့်ပတ်သက်လို ကျနော်တိုဖက်က လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေအတွက် ကြီးကြပ်နိုင်ဖို အထောက်အထားတခုအနေနှင့် မှတ်တမ်းတင်ထားတာသာဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုတာထက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်လိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖိုရည်ရွယ်လုပ်ဆောင်တာသာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ AAက ထုတ်ပေးသည့်လက်မှတ်သည် ၇ရက်သက်တမ်းရှိ တကြိမ်သုံး လက်မှတ်ဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်သူများဆောင်ရန် ရှောင်ရန်အချက်များကိုပါ ဖော်ပြထားသည်။

အဆိုပါ လက်မှတ်၌ ဖော်ပြထားသည့် သတိပေးချက်တွင် အိန္ဒိယနိုင်ငံအတွင်းသို့ နယ်ခြားကို ဖြတ်ကျော်လျက် ဝင်ရောက်သူများ လိုက်နာရမည့် သတ်မှတ်ချက်များ ဖော်ပြထားရာ မြန်မာကျပ်ငွေကို အိန္ဒိယ နိုင်ငံတွင် သုံးစွဲခြင်းမပြုကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများ သုံးစွဲ၊ သယ်ယူ ရောင်းဝယ်ဖောက်ကားခြင်းလုံး၀ မလုပ်ရန် ဖော်ပြထားသည်။

အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း အရပ်သောက်သုံးခွင့်ကို တားမြစ်ထားကြောင်း၊ အိန္ဒိယ နိုင်ငံ၏ ဥပဒေကိုလေးစားလိုက်နာရန်၊ အိန္ဒိယ နိုင်ငံ ပြည်နယ်များ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ လေးစားလိုက်နာရန်၊ ယာယီနယ်စပ် ဖြတ်ကျော်ကတ်အား မဖြစ်မနေ ယူဆောင်ရန် အချက်များလည်း သတိပေးချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။