Connect with us

Hi, what are you looking for?

News

မှတ်ပုံတင်မထားသည့် ပရဟိတအဖွဲ့များဖျက်သိမ်းရန်၊ လိုင်စင်မရှိ​သောယာဉ်များမသုံးရန်စစ်​ကောင်စီတင်းကြပ်လာ

သုံးစွဲသည့် ယာဉ်များလိုင်စင် ရှိ၊မရှိကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် ထွေအုပ်၊မြို့နယ် ရဲ နှင့် သတင်းရဲတပ်ဖွဲ့ထံ စိစစ်တင်ပြရမည်ဟုလည်း ဆိုသည်။ မှတ်ပုံတင်မရှိပါကစစ်​ကောင်စီထံ မှတ်ပုံတင်ရန်နှင့်မှတ်ပုံမတင်လိုပါက ဖျက်သိမ်းရမည်ဟု တင်းကျပ်လာသည်။

မှတ်ပုံမတင်သည့် စေတနာ့ဝန်ထမ်း၊ပရဟိတ အဖွဲ့အစည်းများ ကို ဖျက်သိမ်းရန် နှင့် လိုင်စင်မရှိသည့် ယာဉ်များကိုပါ သုံးစွဲခွင့် မပြုတော့ကြောင်း အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြား ချက်များထုတ်ပြန်​​​နေသည်။

ရန်ကုန်တိုင်းအတွင်း ခရိုင်၊မြို့နယ်အလိုက် စေတနာ့ ဝန်ထမ်း၊ပရဟိတ အဖွဲ့အစည်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းမှု၊ငွေကြေးစီးဝင်မှု၊စာရင်းဇယားစနစ်တကျ ထားရှိရမည်ဟုလည်းဆိုသည်။

သုံးစွဲသည့် ယာဉ်များလိုင်စင် ရှိ၊မရှိကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် ထွေအုပ်၊မြို့နယ် ရဲ နှင့် သတင်းရဲတပ်ဖွဲ့ထံ စိစစ်တင်ပြရမည်ဟုလည်း ဆိုသည်။ မှတ်ပုံတင်မရှိပါကစစ်​ကောင်စီထံ မှတ်ပုံတင်ရန်နှင့်မှတ်ပုံမတင်လိုပါက ဖျက်သိမ်းရမည်ဟု တင်းကျပ်လာသည်။

“အခုရန်ကုန်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ကားတွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်က နားလည်မှုနဲ့ မှတ်ပုံမတင်ဘဲ အသုံးပြုခွင့်ရခဲ့တာ။ဒီလိုတင်းကြပ်လိုက်တော့ ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာ တစ်မျိုးမဟုတ်တစ်မျိုး အခက်အခဲ ဖြစ်မှာပဲ”ဟု လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းက ၎င်းတို့အပေါ် ဆန္ဒပြ ပြည်သူများကို ဖြိုခွဲ စဥ် လူမှုကူညီရေးအသင်းများ ဆန္ဒပြသူများကို ကူညီသည်ဟု စွပ်စွဲမှုများလည်းရှိခဲ့ဖူးသည်။

ထို့အပြင် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များကို ရိုက်နှက်ဖမ်းဆီးခြင်း၊ PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုမှုများလည်း ရှိနေသည်။

သို့​သော် စစ်ကောင်စီကိုယ်တိုင် ဆန္ဒပြသူများနှင့် ​ဒေသခံကာကွယ်​ရေးအဖွဲ့များကို အကြမ်းဖက် ဖြိုခွင်း၊တိုက်ခိုက်ရာတွင် ​ဒေသအချို့တွင် စစ်ကားများအသုံးမပြုဘဲ လူမှု​ရေးယာဉ်များ ၊ပရဟိတယာဉ်များ ၊အရပ်သားကားများအ​ယောင်​ဆောင် အသုံးပြု​သောဖြစ်စဉ်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။