Connect with us

Hi, what are you looking for?

LuduNwayOo

News

မှတ်ပုံတင်မထားသည့် ပရဟိတအဖွဲ့များဖျက်သိမ်းရန်၊ လိုင်စင်မရှိ​သောယာဉ်များမသုံးရန်စစ်​ကောင်စီတင်းကြပ်လာ

သုံးစွဲသည့် ယာဉ်များလိုင်စင် ရှိ၊မရှိကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် ထွေအုပ်၊မြို့နယ် ရဲ နှင့် သတင်းရဲတပ်ဖွဲ့ထံ စိစစ်တင်ပြရမည်ဟုလည်း ဆိုသည်။ မှတ်ပုံတင်မရှိပါကစစ်​ကောင်စီထံ မှတ်ပုံတင်ရန်နှင့်မှတ်ပုံမတင်လိုပါက ဖျက်သိမ်းရမည်ဟု တင်းကျပ်လာသည်။

မှတ်ပုံမတင်သည့် စေတနာ့ဝန်ထမ်း၊ပရဟိတ အဖွဲ့အစည်းများ ကို ဖျက်သိမ်းရန် နှင့် လိုင်စင်မရှိသည့် ယာဉ်များကိုပါ သုံးစွဲခွင့် မပြုတော့ကြောင်း အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြား ချက်များထုတ်ပြန်​​​နေသည်။

ရန်ကုန်တိုင်းအတွင်း ခရိုင်၊မြို့နယ်အလိုက် စေတနာ့ ဝန်ထမ်း၊ပရဟိတ အဖွဲ့အစည်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းမှု၊ငွေကြေးစီးဝင်မှု၊စာရင်းဇယားစနစ်တကျ ထားရှိရမည်ဟုလည်းဆိုသည်။

သုံးစွဲသည့် ယာဉ်များလိုင်စင် ရှိ၊မရှိကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် ထွေအုပ်၊မြို့နယ် ရဲ နှင့် သတင်းရဲတပ်ဖွဲ့ထံ စိစစ်တင်ပြရမည်ဟုလည်း ဆိုသည်။ မှတ်ပုံတင်မရှိပါကစစ်​ကောင်စီထံ မှတ်ပုံတင်ရန်နှင့်မှတ်ပုံမတင်လိုပါက ဖျက်သိမ်းရမည်ဟု တင်းကျပ်လာသည်။

“အခုရန်ကုန်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ကားတွေမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်က နားလည်မှုနဲ့ မှတ်ပုံမတင်ဘဲ အသုံးပြုခွင့်ရခဲ့တာ။ဒီလိုတင်းကြပ်လိုက်တော့ ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာ တစ်မျိုးမဟုတ်တစ်မျိုး အခက်အခဲ ဖြစ်မှာပဲ”ဟု လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းက ၎င်းတို့အပေါ် ဆန္ဒပြ ပြည်သူများကို ဖြိုခွဲ စဥ် လူမှုကူညီရေးအသင်းများ ဆန္ဒပြသူများကို ကူညီသည်ဟု စွပ်စွဲမှုများလည်းရှိခဲ့ဖူးသည်။

ထို့အပြင် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များကို ရိုက်နှက်ဖမ်းဆီးခြင်း၊ PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုမှုများလည်း ရှိနေသည်။

သို့​သော် စစ်ကောင်စီကိုယ်တိုင် ဆန္ဒပြသူများနှင့် ​ဒေသခံကာကွယ်​ရေးအဖွဲ့များကို အကြမ်းဖက် ဖြိုခွင်း၊တိုက်ခိုက်ရာတွင် ​ဒေသအချို့တွင် စစ်ကားများအသုံးမပြုဘဲ လူမှု​ရေးယာဉ်များ ၊ပရဟိတယာဉ်များ ၊အရပ်သားကားများအ​ယောင်​ဆောင် အသုံးပြု​သောဖြစ်စဉ်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။