Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကမုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း ကနီ နှင့် ပုလဲကိုစစ်ကြောင်းထိုး၍ပြည်သူတစ်​သောင်း​ကျော်ထွက်​ပြေး​နေရ

စစ်ကောင်စီက မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း သြဂုတ်လကုန်ပိုင်းမှစ၍ ကနီ နှင့်ပုလဲမြို့ကိုစစ်ကြောင်းများထိုးလာ၍ ဒေသခံ ၁၀,၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​တော်လှန်​ရေးအင်အားစုများနှင့် ​ဒေသခံများကပြောသည်။

ထွက်​ပြေးတိမ်း​ရှောင်​နေရသည့်စစ်​ဘေး​ရှောင်များနှင့် စစ်တပ်ကရွာကိုမီးရှို့​နေသည်ကိုအ​ဝေးမှမြင်​တွေ့ရစဥ်။ဓါတ်ပုံ-UBNA၊ ​ဒေသခံ

စက်တင်ဘာ-၈၊၂၀၂၅။ လူအေး/People’s Spring

စစ်ကောင်စီက မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း သြဂုတ်လကုန်ပိုင်းမှစ၍ ကနီ နှင့်ပုလဲမြို့ကိုစစ်ကြောင်းများထိုးလာ၍ ဒေသခံ ၁၀,၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​တော်လှန်​ရေးအင်အားစုများနှင့် ​ဒေသခံများကပြောသည်။

ထွက်​ပြေးတိမ်း​ရှောင်​နေရသည့်စစ်​ဘေး​ရှောင်များနှင့် စစ်တပ်ကရွာကိုမီးရှို့​နေသည်ကိုအ​ဝေးမှမြင်​တွေ့ရစဥ်။ဓါတ်ပုံ-UBNA၊ ​ဒေသခံ

“မုံရွာ၊ယာကြီး၊ ကလေးဝလမ်းကနေ ကားတွေနဲ့ ဝင်လာတာ။ သူတို့တပ်ဖွဲ့ဝင်တွေကို လမ်းဘေးတွေမှာ အသုတ်လိုက်ထားခဲ့ပြီး ရွာတွေကိုစစ်ကြောင်းထိုးခိုင်းတာ။ ကနီမှာဆို အခုရက်ထဲမှာတင် စစ်ဘေးရှောင် ၇,၀၀၀ကျော်ပါပြီ”ဟု ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးကပြောသည်။

ကနီမြို့နယ်အတွင်း သမင်ခြံရွာနှင့် ချင်းတွင်းမြစ်ကမ်းဘေးရွာအချို့ကို စစ်တပ်က စက်တင်ဘာလဆန်းအတွင်း ‌လေကြောင်းမှဗုံးကြဲပြီး မြေပြင်မှစစ်ကြောင်းထိုးနေလာသဖြင့် ဒေသခံပြည်သူများထွက်ပြေး တိမ်းရှောင်နေကြရ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်ခရိုင်တွင် ကနီ၊ ပုလဲ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့ပါဝင်သည်။ စစ်ကောင်စီသည် ကနီနှင့်ပုလဲကို ဦးတည်၍စစ်ကြောင်းထိုးနေပြီး နှစ်မြို့နယ်စလုံးသို့ လေကြောင်းတိုက်ခိုက်မှုများ နှင့် မြေပြင်စစ်ကြောင်းထိုးမှူများပြုလုပ်နေသည်ဟု ပုလဲမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဩဂုတ်လကုန် နှင့် စက်တင်ဘာလဆန်းကာလအတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ကနီ နှင့် ပုလဲတွင် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ဘေးရှောင်များအားကူညီနေသူများကပြောသည်။

ပုလဲမြို့နယ်မှဒေသကာကွယ်ရေးရဲဘော်တဦးက”ရွေး‌ကောက်ပွဲအတွက် နယ်မြေရ‌သလောက်ချဲ့ထွင်ဖို့ လုပ်နေတာဖြစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကြားဖြတ်တိုက်ခိုက်တာတွေ၊ မိုင်းဆွဲတာတွေရှိတယ်။ စစ်ဘေးရှောင်လည်းတအားများနေတယ်”ဟုပြောသည်။

ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ မတ်လတွင် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်နေရာအများစုသိမ်းယူနိုင်ခဲ့သော်လည်း စစ်တပ်ကလေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများပို့၍ ​တော်လှန်​ရေးတပ်များပြန်ဆုတ်ခဲ့ရသည်။ စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်များကထိန်းချုပ်ထားသည်။

ပုလဲမြို့တွင်လည်း မြို့ပေါ်နေရာအချို့နှင့် ပျူစောထီးရွာအချို့ကိုသာ စစ်တပ်ကထိန်းချုပ်ထားပြီး မြို့ပတ်ဝန်းကျင်ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်များကထိန်းချုပ်ထားသည်။

စစ်ကောင်စီသည်ယခုအခါ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တဆင့်က မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း မြေပြင်စစ်ကြောင်းများအင်အားဖြည့်တင်းနေသည်။ မုံရွာ၊ယာကြီး၊ ကလေးဝလမ်းတွင် မုံရွာ- ယင်းမာပင်-ကနီ-မင်းကင်း- ကလေးဝမြို့တို့ ရှိသည်။

စစ်အုပ်စုကသြဂုတ်လဆန်းတွင်မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ နှင့် စစ်အုပ်ချုပ်​ရေးကြေညာခဲ့သည်။ အဆိုပါ ၆၃ မြို့နယ်တွင်စစ်ကိုင်းတိုင်းမှ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲ နှင့် အင်းတော်မြို့နယ်တို့ပါဝင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။