Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၅ ဦးထက်မနည်း သေဆုံး

ယာဉ်မောင်းဟာ လူအုပ်ကို ဝင်တိုက်မိတဲ့နောက် တခြားတစ်နေရာကို မောင်းပြေးသွားသေးတယ်လို့လည်း သိရပါတယ်။ အနီရောင် SUV မော်တော်ကားဟာ ကျောင်းတစ်ကျောင်းက အကအဖွဲ့ ချီတက် ကပြနေတဲ့ နေရာကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အမေရိကန်မှာ လူစုလူဝေးနဲ့ စီတန်းလှည့်လည်နေတုန်း ကားတစ်စီး ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရသွားကြောင်း သိရပါတယ်။

ဝစ္စကွန်ဆင် ပြည်နယ်က ဝေါ်ကီရှာမြို့မှာ ခရစ္စမတ်အကြို စီတန်း လှည့်လည်ပွဲတစ်ခု ပြုလုပ်နေတုန်း SUVကားတစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်သွမ်ဆန်က ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ကြောင်း ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး လူ ၁ ဦးကို ထိန်းသိမ်းထားလိုက်ကြောင်းလည်း သွမ်ဆန်က ဆိုပါတယ်။ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်တဲ့ အထောက်အထားမျိုး လောလောဆယ် မတွေ့သေးဘူးလို့ ရဲတွေက မှတ်ချက်ပေးထားပါတယ်။

ယာဉ်မောင်းဟာ လူအုပ်ကို ဝင်တိုက်မိတဲ့နောက် တခြားတစ်နေရာကို မောင်းပြေးသွားသေးတယ်လို့လည်း သိရပါတယ်။ အနီရောင် SUV မော်တော်ကားဟာ ကျောင်းတစ်ကျောင်းက အကအဖွဲ့ ချီတက် ကပြနေတဲ့ နေရာကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေအပျောက်နဲ့ ဒဏ်ရာရမှု စာရင်းတွေက တိုးလာနိုင်ကြောင်း၊ တချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆေးရုံရောက်အောင် သွားကြတာမျိုး ရှိပြီး အချက်အလက်တွေ လိုက်စုဆောင်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ဝေါ်ကီရှာဟာ လူဦးရေ ၇၂၀၀၀ လောက်သာ နေထိုင်တဲ့ မြို့လေးတစ်ခုဖြစ်ပြီး အခုဖြစ်စဉ်က တစ်မြို့လုံးကို ချောက်ချားသွားစေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ကျောင်းတွေ အားလုံးကို နိုဝင်ဘာ ၂၂ ရက်မှာ ပိတ်ထားကြဖို့ ညွှန်ကြားခဲ့ပြီး လူစုလူဝေးနဲ့ လှည့်လည်တာတွေလည်း လောလောဆယ် မလုပ်ကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။