Connect with us

Hi, what are you looking for?

News

အင်တာပိုအထွေထွေညီလာခံမှာ တရားမဝင်စစ်ကောင်စီကို တက်ရောက်ခွင့်မပေးရေး အဖွဲ့ အစည်း ၂၅၉ ခု ပူးတွဲတောင်းဆို

မြန်မာစစ်ကောင်စီဟာ ဒီနေ့ကျင်းပခဲ့တဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မရရှိသလို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကိုလည်း တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။

အင်တာပိုအဖွဲ့ဝင်အဖြစ် မြန်မာစစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုနေခြင်းအား ချက် ချင်းပိတ်ပင်ဖို့ Burma Campaign UK အပါအဝင် အဖွဲ့အစည်း ၂၅၉ ခုက ပူးတွဲကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ပါတယ်။

လာမယ့် ၈၉ ကြိမ်မြောက် အင်တာပို(နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့)ရဲ့ အထွေထွေညီလာခံကနေ မြန်မာစစ်ကောင်စီကို ဖယ်ရှားဖို့၊ အဖွဲ့ဝင်ဖြစ်မှုကနေရရှိနေတဲ့အကျိုးကျေးဇူးအားလုံးနဲ့ အနာ ဂတ်ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းဖို့ အင်တာပိုဥက္ကဌဆီလိပ်မူပြီး အဖွဲ့အစည်း ၂၅၉ ခုက တောင်းဆိုထားတာဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ အင်တာပိုအစည်းအဝေးတွေကို မြန်မာအကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ရဲချုပ်၊ ပြည်ထဲရေးဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်တက်ရောက်နေပြီး တရားမဝင်အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာအစိုးရကို ကိုယ်စားပြုခြင်းမရှိဘူးလို့ Burma Campaign UK က ထောက်ပြပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီနေ့ကျင်းပခဲ့တဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မရရှိသလို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကိုလည်း တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံအပါအဝင် ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင် ရာ အစည်းအဝေးတွေမှာ မြန်မာအကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အင်တာပိုအစည်းအဝေးတွေကို စစ်ကောင်စီ လက်အောက်ခံရဲချုပ်တက်ရောက်နေတာကို ကန့်ကွက်ထားပြီး အင်တာပိုအနေနဲ့ ပြန်လည်စဉ်း စားဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook