Connect with us

Hi, what are you looking for?

News

မန္တလေးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ မီတာခလိုက်ကောက်

ဒီလို မီတာခ ယူသွားတဲ့အပြင် လာမယ့် လတွေမှာ မြို့နယ်လျှပ်စစ်ရုံးမှာ မီတာလာဆောင်ဖို့လည်းပြောဆိုသွားကြတယ်လို့ဒေသခံတွေက ဆိုပါတယ်။

People's Spring
People's Spring

အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေ မီတာမဆောင်ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ဒီနေ့မှာ မန္တလေး ကမြို့နယ်အချို့မှာ မီတာခ အိမ်တိုင်ရာရောက်လိုက်လံကောက်ခံနေတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာဆို မီတာရုံးကသူတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာပြီး မီတာခကို တခါတည်း ယူသွားတယ်လို့ပြောကြပါတယ်။

ဒီလို မီတာခ ယူသွားတဲ့အပြင် လာမယ့် လတွေမှာ မြို့နယ်လျှပ်စစ်ရုံးမှာ မီတာလာဆောင်ဖို့လည်းပြောဆိုသွားကြတယ်လို့ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေဟာ ဘူးသပိတ်ကိုဆင်နွှဲနေကြတာဖြစ်ပြီး အဲဒီသိတ်မှာ စစ်တပ်ထုတ်ကုန်တွေကိုအားမပေးတာအပြင် စစ်ကောင်စီကိုအခွန်အခ ပေးမဆောင်တာလည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မှာတော့ မီတာမဆောင်တဲ့အတွက် မီးဖြတ်တာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးပြီးလုပ်ဆောင်နေတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook