Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှာ ပြည်သူ ၇ဦးကို စစ်အုပ်စု မီးရှို့သတ်ဖြတ်၊ တစ်ဦးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

စစ်အုပ်စု နှိပ်စက်မီးရှို့သတ်ဖြတ်မှုဖြစ်ရပ်ဆိုးကနေ လွတ်မြောက်လာသူ ကိုမောင်မောင်(အမည်လွှဲ)ရရှိခဲ့တဲ့ ဒဏ်ရာအမာရွတ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများ

စက်တင်ဘာ-၁၇၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

စစ်အုပ်စု အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့ အရပ်သား ၇ ဦးထဲက တစ်ဦးပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာဟောင်းက ဦးစိုးတင့်(၄၅)နှစ်၊ ကိုချစ်သဲမောင်(၂၃)နှစ်၊ ကိုသန်းဇော်ထွန်း(၂၃)နှစ်၊ ကိုရီဝေမိုး(၁၈)နှစ်၊ မိုးသက်ခ(၁၆)နှစ်၊ ချမ်းဝေဖြိုး(၁၄)နှစ်နဲ့ ကိုမောင်မောင်(အမည်လွှဲ) (၁၅)နှစ်တို့ဟာ စဉ့်ကူးမြို့နယ်အတွင်းက ရွှေမှော်ဘက်ကို အလုပ်လုပ်ဖို့သွားခဲ့ပြီး အဆင်မပြေတာကြောင့် ဆိုင်ကယ် ၃စီးနဲ့ ပြန်လာစဉ် ကန့်ဘလူမြို့နယ် ဘူးကုန်းလမ်းခွဲအနီးက ဇရပ်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အလုပ်လုပ်ပြီး ပြန်လာတာလို့ ပြောပေမယ့် မရဘဲ ကိုမောင်မောင်ပါ အရပ်သားပြည်သူ ၇ဦးကို ကန့်ဘလူမြို့နယ်က ပျူစောထီးတွေက ဆိုင်ကယ်ပေါ်က ဆင်းခိုင်းကာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဘူးကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ခေါ်သွားကာ ဝါးအစိုတွေနဲ့ ထပ်မံရိုက်နှက်ခဲ့ပြီး အင်္ကျီတွေချွတ်ကာ လက်ပြန်ကြိုးတုပ်ထားတယ်လို့ ကိုမောင်မောင်(ပြန်လွှတ်လာသူ)က ပြောပြပါတယ်။

ဖမ်းဆီးထားတဲ့ လေးရက်လုံး ထမင်းမကျွေးဘဲ ရိုက်နှက် နှိပ်စက်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးထားရတဲ့ ပြည်သူ ၇ ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ တာယာပုံပေါ်တက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဦးခေါင်းတွေကို ဒုတ်နဲ့ရိုက်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်လို့ ကိုမောင်မောင်က ဆိုပါတယ်။

မီးရှို့ပြီး ပျူစောထီးတွေက ပစ်ထားခဲ့တဲ့အချိန်မှာ ကိုမောင်မောင်တယောက်ပဲ သတိပြန်ရပြီး မီးလောင်ဒဏ်ရာတချို့နဲ့ ထွက်ပြေးလာနိုင်တယ်လို့ ကိုမောင်မောင်က ပြောပါတယ်။

“အသက်မပြည့်သေးပေမယ့် မိသားစု မပြေလည်တာကြောင့် အလုပ်ထွက်လုပ်ကြတာပါ။ အခုလို အဖြစ်ဆိုးမျိုးတွေးတောင်မကြည့်ဖူးတော့ သွေးပျက်မတတ် တအားလည်း လန့်ပြီး ကြောက်တယ်”လို့ ကိုမောင်မောင်က ပြောပါတယ်။

ဒီဘူးကုန်းကျေးရွာဟာ အရင်က တော်လှန်ရေးတပ် စိုးမိုးထားတဲ့ နေရာဖြစ်ပြီး ကန့်ဘလူမြို့ရဲ့အရှေ့ဘက် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်မှာ ရှိတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လကပဲ ရေကြည်ဦး၊ ကျီကျဉ်း၊ ဘူးကုန်း စတဲ့ရွာ ၃ရွာကို စစ်ကောင်စီရဲ့ ၆၀၀၆တပ်ကနေ စစ်ကြောင်းထိုးပြီး ပြန်သိမ်းသွားတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။