Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်မြို့နယ် ထင်းရှူးဘူတာစစ်တပ် ကင်းပုန်းစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှူးဘူတာရဲ့ စစ်တပ်ကင်းပုန်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ဒီကနေ့(စက်တင်ဘာ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)ပူးပေါင်းတပ်မှ ရဲဘော်များ ဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - MSRF

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ဝင်း/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှူးဘူတာရဲ့ စစ်တပ်ကင်းပုန်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ဒီကနေ့(စက်တင်ဘာ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

မော်လမြိုင် – သံဖြူဇရပ် ရထားလမ်းပိုင်းဘေးမှာရှိတဲ့ ထင်းရှူးရွာဘူတာက ကင်းပုန်းစခန်းကို မနေ့က(စက်တင်ဘာ ၁၈ရက်) နေ့လယ် ၁နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုမှာ ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲ့မှာ စခ အင်အား ၃၀ဝန်းကျင်ရှိပါတယ်”လို့ တိုက်ခိုက်ခဲ့တဲ့ ကင်းပုန်းစခန်းနဲ့ပတ်သက်ပြီး MSRF တာဝန်ရှိသူက လူထုနွေဦးကို ​​ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ နဲ့ တပင်ရွှေထီးတပ် တို့ပူးပေါင်းတိုက်ခဲ့တာလို့ သိရပါတယ်။

အခုနှစ် ဇူလိုင် ၂၃ရက်ကလည်း ထင်းရှူးရွာရဲစခန်းအနီး ကိုက်(၂၀၀) အကွာက ကင်းပုန်းကိုလည်းတိုက်ခိုက်ခဲ့ပြီး ရဲ ၅ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲလုပ်နိုင်ဖို့ မော်လမြိုင်-သံဖြူ ဇရပ်-ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စစ်ရေးအရ မည်သည့်နည်းလမ်းနဲ့မဆို တားဆီးသွားမယ်လို့လည်း မွန်ပြည်နယ်နဲ့ တောင်ပိုင်းတိုင်းအခြေစိုက် ကာကွယ် ရေးအဖွဲ့၊တော်လှန်ရေး​တပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။