Connect with us

Hi, what are you looking for?

News

စဥ့်ကူးမြို့နယ်မှစစ်​ကောင်စီခန့် ရာအိမ်မှူး ​သေနတ်ဖြင့်လိုက်ပစ်ခံရပြီး​နောက်နှုတ်ထွက်စာတင်

မိသားစုစားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများကြုံတွေ့နေရပါသဖြင့် ရာအိမ်မှုးတာဝန်မှနူတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်ဟု ၎င်း၏နူတ်ထွက်စာတွင်ရေးသားထားသည်။

ဓါတ်ပုံ- MyanmarCitizens

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်ခံခဲ့ရသော ရာအိမ်မှုးသည် ပစ်ခတ်ခံရပြီး ၂၄နာရီမပြည့်ခင် တာဝန်မှ နှုတ်ထွက်စာတင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ညနေ ၃ နာရီခန့်က စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ မျိုးခိုင်ဆိုသူအား စဥ့်ကူးမြို့နယ်ပျောက်ကြားအဖွဲ့ SGF မှ ကျည်‌တောက်ပေါက် လမ်းတစ်လျှောက် လိုက်လံပစ်ခတ်ခဲ့ရာ ညာဘက်ပေါင်နှင့် ခြေသလုံးနှစ်ချက်မှန်ပြီး ဆိုင်ကယ်ဖြင့်မောင်းပြေးစဥ် တိမ်းမှောက်ကာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)နံနက်တွင်မူ ၎င်းသည်ရာအိမ်မှုးတာဝန်မှနူတ်ထွက်ပြီဖြစ်ကြောင်း နူတ်ထွက်စာဖြင့်အသိပေးခဲ့သည်။

မိသားစုစားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများကြုံတွေ့နေရပါသဖြင့် ရာအိမ်မှုးတာဝန်မှနူတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်ဟု ၎င်း၏နူတ်ထွက်စာတွင်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါမျိုးခိုင်ဆိုသူသည် ကျည်တောက်ပေါက်ကျေးရွာမှ ရာအိမ်မှုးတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ကာပြည်သူကိုအကြီးအကျယ်ဒုက္ခပေးနေ၍ လိုက်လံဆုံးမခဲ့ခြင်းဖြစ်ကြောင်း စဥ့်ကူးမြို့နယ်ပျောက်ကြားအဖွဲ့ SGFကအသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook