Connect with us

Hi, what are you looking for?

LuduNwayOo

News

စဥ့်ကူးမြို့နယ်မှစစ်​ကောင်စီခန့် ရာအိမ်မှူး ​သေနတ်ဖြင့်လိုက်ပစ်ခံရပြီး​နောက်နှုတ်ထွက်စာတင်

မိသားစုစားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများကြုံတွေ့နေရပါသဖြင့် ရာအိမ်မှုးတာဝန်မှနူတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်ဟု ၎င်း၏နူတ်ထွက်စာတွင်ရေးသားထားသည်။

ဓါတ်ပုံ- MyanmarCitizens

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်ခံခဲ့ရသော ရာအိမ်မှုးသည် ပစ်ခတ်ခံရပြီး ၂၄နာရီမပြည့်ခင် တာဝန်မှ နှုတ်ထွက်စာတင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ညနေ ၃ နာရီခန့်က စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ မျိုးခိုင်ဆိုသူအား စဥ့်ကူးမြို့နယ်ပျောက်ကြားအဖွဲ့ SGF မှ ကျည်‌တောက်ပေါက် လမ်းတစ်လျှောက် လိုက်လံပစ်ခတ်ခဲ့ရာ ညာဘက်ပေါင်နှင့် ခြေသလုံးနှစ်ချက်မှန်ပြီး ဆိုင်ကယ်ဖြင့်မောင်းပြေးစဥ် တိမ်းမှောက်ကာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)နံနက်တွင်မူ ၎င်းသည်ရာအိမ်မှုးတာဝန်မှနူတ်ထွက်ပြီဖြစ်ကြောင်း နူတ်ထွက်စာဖြင့်အသိပေးခဲ့သည်။

မိသားစုစားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများကြုံတွေ့နေရပါသဖြင့် ရာအိမ်မှုးတာဝန်မှနူတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်ဟု ၎င်း၏နူတ်ထွက်စာတွင်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါမျိုးခိုင်ဆိုသူသည် ကျည်တောက်ပေါက်ကျေးရွာမှ ရာအိမ်မှုးတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ကာပြည်သူကိုအကြီးအကျယ်ဒုက္ခပေးနေ၍ လိုက်လံဆုံးမခဲ့ခြင်းဖြစ်ကြောင်း စဥ့်ကူးမြို့နယ်ပျောက်ကြားအဖွဲ့ SGFကအသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။