Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ယာဉ်တန်းကြောင့် နယူးယောက် လမ်းပေါ်မှာ ပိတ်မိနေခဲ့တဲ့ ပြင်သစ် သမ္မတ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့နောက် ပြင်သစ် သမ္မတ မာခရွန်ဟာ လမ်းပေါ်မှာ မတ်တပ်ရပ် စောင့်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့နောက် ပြင်သစ် သမ္မတ မာခရွန်ဟာ လမ်းပေါ်မှာ မတ်တပ်ရပ် စောင့်ခဲ့ရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့တုန်းက မာခရွန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောပြီး ပြန်လည် ထွက်ခွာလာတဲ့နောက် ယာဉ်ကြော ပိတ်ဆို့မှုနဲ့ တည့်တည့် တိုးခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ယာဉ်တန်းကလည်း နယူးယောက်ကို ရောက်ရှိလာတာကြောင့် ယာဉ်ထိန်းရဲတွေက အဲဒီလမ်းကြောင်းကို ရှင်းလင်းပေးထားရလို့ ဖြစ်ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ လမ်းဆုံတစ်ခုက လူကူးမျဉ်းကြားမှာ မာခရွန်နဲ့ အဖွဲ့သားတွေက လမ်းဖြတ်ကူးဖို့ ပြင်နေပေမယ့် ယာဉ်ထိန်းရဲတွေက အားတုံ့အားနာနဲ့ တားဆီးထားတာကို တွေ့ရပါတယ်။ သူတို့က လမ်းအားလုံး ပိတ်ထားရတာကြောင့် သမ္မတ မာခရွန်လည်း စောင့်ပေးဖို့လိုကြောင်း မျက်နှာငယ်လေးတွေနဲ့ ပြောပြခဲ့ကြပါတယ်။

မာခရွန်က သူနဲ့အတူ လူ ၁၀ ယောက်လောက်ဟာ ပြင်သစ်သံရုံးကို သွားမလို့ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတွေကို ရှင်းပြနေခဲ့ပါတယ်။ မာခရွန်ကတော့ အကျပ်ရိုက်နေတဲ့ ယာဉ်ထိန်းရဲတွေကို အပြစ်မပြောခဲ့ဘဲ ‘ငါက မင်းတို့နဲ့အခု ညှိနေတာလေကွာ’လို့ အတည်ပေါက်နဲ့ အရွှန်းဖောက်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ မာခရွန်က တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး ‘နေကောင်းလား၊ မှန်းကြည့်လေ၊ အခုကျွန်တော် လမ်းပေါ်မှာ စောင့်နေရတယ်။ ခင်ဗျားကြောင့် လမ်းအားလုံး ပိတ်ကုန်ပြီ’လို့ အင်္ဂလိပ်လို ပြောခဲ့ပါတယ်။ တစ်ဖက်က အသံကို မကြားခဲ့ရပေမယ့် မာခရွန် ဖုန်းခေါ်ခဲ့တာ ထရမ့်ဆီကို ဖြစ်တယ်လို့ နောက်ပိုင်းမှာ ပြင်သစ် သမ္မတရဲ့ အတွင်းစည်း ပုဂ္ဂိုလ် တစ်ဦးက ပြောခဲ့ပါတယ်။

သူက ထရမ့်သာ အချိန်ရမယ်ဆိုရင် ကာတာနိုင်ငံနဲ့ပါ တွေ့ဆုံပြီး ဂါဇာကိစ္စကို နည်းနည်း ဆွေးနွေးချင်သေးတယ်လို့လည်း ဖုန်းထဲမှာ ပြောနေခဲ့တာကို ကြားရပါတယ်။

မိနစ်ပိုင်းလောက် အကြာမှာတော့ လမ်းဖြတ်ကူးခွင့် ပိတ်ထားတာကို ရဲတွေက ဖယ်ရှားလိုက်တော့ မာခရွန်တို့ အဖွဲ့လည်း ခရီးဆက်လို့ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ လမ်းသွားလမ်းလာတွေကိုပဲ ခွင့်ပြုပေးပြီး ကားတွေ သွားလာခွင့်ကို ဆက်ပိတ်ထားတာကြောင့် မာခရွန်ဟာ သံရုံးထိ လမ်းလျှောက်ပြီး သွားခဲ့ရပါတယ်။ ပြင်သစ် သမ္မတဟာ နယူးယောက်ရဲ့ လမ်းတွေပေါ်မှာ မိနစ် ၃၀ လောက် ရှိနေခဲ့ရတာလို့ ဆိုပါတယ်။

မာခရွန်လိုပဲ တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဝမ်နဲ့ အဖွဲ့ဟာလည်း လမ်းပိတ်ထားမှု တစ်ခုကြောင့် နယူးယောက်က လမ်းဆုံတစ်နေရာမှာ လမ်းမကူးခင် မိနစ်အတော်ကြာ စောင့်ခဲ့ရသေးကြောင်း သိရှိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Facebook