Connect with us

Hi, what are you looking for?

သတင်း

၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်​ရေး​ကြေညာပြီးစစ်တပ်ကထိုးစစ်ဆင်​ပေမယ့် ၂ လနီးပါးအတွင်း မြို့ ၂ မြို့သာပြန်ရ

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၉၁ မြို့ရှိ

စက်တင်ဘာ-၂၅၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်တပ်က နှစ်ကုန်မှာ​ရွေး​ကောက်ပွဲလုပ်မယ်​ကြေညာပြီး ဇူလိုင်လကုန်ပိုင်းမှာ နိုင်ငံတစ်ဝန်းက ၆၃ မြို့နယ်ကို ၂၀၂၅ သြဂုတ်လက​နေ ​အောက်တိုဘာလကုန်အထိ့ စစ်အုပ်ချုပ်​ရေး​ကြေညာပြီး ဆုံးရှုံးထားတဲ့ ​ဒေသ​တွေပြန်ရဖို့ အပြင်းအထန်ထိုးစစ်ဆင်​နေ​ပေမယ့် နှစ်လနီးပါးအတွင်းမှာ မြို့ ၂ မြို့ကိုသာပြန်လည်ထိန်းချုပ်နိုင်ပါ​သေးတယ် ။

ကရင်နီပြည်က ဒီး​မော့ဆိုမြို့ နဲ့ ကရင်ပြည်နယ်က သက်န်းညီ​​နောင်မြို့တို့ဖြစ်ပါတယ်။ ​ကျောက်မဲ ၊​လေး​ကေ့​ကော် မြို့​တွေကိုလည်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်​နေ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ ခုခံတိုက်ခိုက်မှု​ကြောင့်ပြန်မသိမ်းနိုင်​သေးပါဘူး။ ဒါ​ပေမယ့် စစ်တပ်ဟာ ဆုံးရှုံးထားတဲ့ နယ်​မြေ​တွေထဲက ​ကော့ကရိတ်-မြဝတီအာရှလမ်းမ ၊ မတ္တရာမြို့နယ် အ​​ရှေ့ခြမ်းကစစ်စခန်း​တွေ ၊ ဗန်း​မော်မြို့က ဆုံးရှုံးထားတဲ့ စခန်း၊တပ်ရင်းအချို့၊ ​ဖားကန့်မြို့နယ်က စခန်း​တွေ ၊ရွှေဘို-မြစ်ကြီးနားလမ်းကလမ်းပိုင်းအချို့ စတာ​တွေကို​တော့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

တဖက်မှာ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့ထိုးစစ်ကို ခုခံ​တိုက်ခိုက်​နေရင်း စက်တင်ဘာလ ၂၀ ရက်မှာ စစ်ကိုင်းတိုင်းဗန်း​မောက်မြို့ကိုပါသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။တကယ်​တော့ စစ်တပ်က ဗန်း​မောက်မြို့ကို အ​ရေ​ပေါ်​ကြေညာပြီးစစ်အုပ်ချုပ်​ရေး​ကြေညာထားတဲ့ ၆၃ မြို့နယ်ထဲမှာ​တောင်မပါခဲ့ပါဘူး ။စစ်အုပ်ချုပ်​ရေးမ​ကြေညာထားတဲ့မြို့​တွေထဲက ၁ မြို့ကို ​တော်လှန်​ရေးတပ်​တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ​ကြောင့်စစ်တပ်အပြင်းအထန် ထိုးစစ်ဆင်​နေတဲ့တိုင် တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း စက်တင်ဘာ လကုန်ပိုင်းအထိ ၉၁ မြို့ရှိပါတယ်။ဒါအ​ပြင် ​တော်လှန်​ရေးတပ်​တွေက ဖား​​ဆောင်းမြို့ ၊​ကျောက်ဖြူမြို့​တွေကို ဆက်ပြီးသိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိပါတယ် ။

စစ်တပ်က သြဂုတ်လကစပြီးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ ၂ မြို့ပဲရှိ​ပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကထိုးစစ်ဆင်လာတာ​ကြောင့် ​ ဇူလိုင်လမှာ နောင်ချိုမြို့ ၊သပိတ်ကျင်းမြို့ ၊မိုးဗြဲ မြို့​တွေကို သိမ်းယူနိုင်ခဲ့ပါတယ် ။ဒါ​ကြောင့် People’s Spring ရဲ့အချက်အလက်​တွေအရစစ်တပ်က ဇူလိုင်နဲ့ သြဂုတ်လမှာ ပြန်လည်သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ ၅ မြို့ရှိပါတယ် ။

​တော်လှန်​ရေးတပ်​တွေအတွက်လည်း ၂၀၂၅ ဧပြီလဆန်းပိုင်းမှာ အင်း​တော်မြို့ နဲ့ ဖလမ်းမြို့ကိုသိမ်းယူပြီးတဲ့​နောက် မြို့​တွေထပ်မသိမ်းနိုင်ခဲ့ပဲဖြစ်​နေတာမှာ ငါးလ​ကျော်ကြာမှမြို့တမြို့ကိုပြန်သိမ်းနိုင်ခဲ့တာပါ ။မြို့နယ်အဆင့်ရှိတဲ့ မြို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်တပ်ကဆုံးရှံး နယ်​မြေ​တွေပြန်ထိန်းနိုင်ဖို့ထိုးစစ်ဆင်​နေချိန်မှာ မြို့နယ်တစ်မြို့ထပ်မံလက်လွှတ်ခဲ့ရတာပါ။ ဒါအပြင်စစ်အုပ်စုက ​လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ရွေး​ကောက်ပွဲပထမအဆင့်မှာ မပါတဲ့ ၅၆ မြို့နယ်မှာလည်း ဗန်း​မောက်ကိုထည့်သွင်းမထားပါဘူး။ဒါ​ကြောင့် ဗန်း​မောက်မြို့နယ်မှာ​ရွေး​ကောက်ပွဲလုပ်မယ်လို့အဓိပ္ပါယ်သက်​ရောက်ခဲ့ပါတယ်။ဒါ​​ပေမယ့်​တော်လှန်​ရေးတပ်​တွေက တန်ပြန် သိမ်းပိုက်သွားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။