စက်တင်ဘာ-၂၅၊၂၀၂၅။People’s Spring
အာဏာသိမ်းစစ်တပ်က နှစ်ကုန်မှာရွေးကောက်ပွဲလုပ်မယ်ကြေညာပြီး ဇူလိုင်လကုန်ပိုင်းမှာ နိုင်ငံတစ်ဝန်းက ၆၃ မြို့နယ်ကို ၂၀၂၅ သြဂုတ်လကနေ အောက်တိုဘာလကုန်အထိ့ စစ်အုပ်ချုပ်ရေးကြေညာပြီး ဆုံးရှုံးထားတဲ့ ဒေသတွေပြန်ရဖို့ အပြင်းအထန်ထိုးစစ်ဆင်နေပေမယ့် နှစ်လနီးပါးအတွင်းမှာ မြို့ ၂ မြို့ကိုသာပြန်လည်ထိန်းချုပ်နိုင်ပါသေးတယ် ။
ကရင်နီပြည်က ဒီးမော့ဆိုမြို့ နဲ့ ကရင်ပြည်နယ်က သက်န်းညီနောင်မြို့တို့ဖြစ်ပါတယ်။ ကျောက်မဲ ၊လေးကေ့ကော် မြို့တွေကိုလည်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့်ပြန်မသိမ်းနိုင်သေးပါဘူး။ ဒါပေမယ့် စစ်တပ်ဟာ ဆုံးရှုံးထားတဲ့ နယ်မြေတွေထဲက ကော့ကရိတ်-မြဝတီအာရှလမ်းမ ၊ မတ္တရာမြို့နယ် အရှေ့ခြမ်းကစစ်စခန်းတွေ ၊ ဗန်းမော်မြို့က ဆုံးရှုံးထားတဲ့ စခန်း၊တပ်ရင်းအချို့၊ ဖားကန့်မြို့နယ်က စခန်းတွေ ၊ရွှေဘို-မြစ်ကြီးနားလမ်းကလမ်းပိုင်းအချို့ စတာတွေကိုတော့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
တဖက်မှာတော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်နေရင်း စက်တင်ဘာလ ၂၀ ရက်မှာ စစ်ကိုင်းတိုင်းဗန်းမောက်မြို့ကိုပါသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။တကယ်တော့ စစ်တပ်က ဗန်းမောက်မြို့ကို အရေပေါ်ကြေညာပြီးစစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆၃ မြို့နယ်ထဲမှာတောင်မပါခဲ့ပါဘူး ။စစ်အုပ်ချုပ်ရေးမကြေညာထားတဲ့မြို့တွေထဲက ၁ မြို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။

Public Service Announcement
ဒါကြောင့်စစ်တပ်အပြင်းအထန် ထိုးစစ်ဆင်နေတဲ့တိုင် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း စက်တင်ဘာ လကုန်ပိုင်းအထိ ၉၁ မြို့ရှိပါတယ်။ဒါအပြင် တော်လှန်ရေးတပ်တွေက ဖားဆောင်းမြို့ ၊ကျောက်ဖြူမြို့တွေကို ဆက်ပြီးသိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိပါတယ် ။
စစ်တပ်က သြဂုတ်လကစပြီးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ ၂ မြို့ပဲရှိပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကထိုးစစ်ဆင်လာတာကြောင့် ဇူလိုင်လမှာ နောင်ချိုမြို့ ၊သပိတ်ကျင်းမြို့ ၊မိုးဗြဲ မြို့တွေကို သိမ်းယူနိုင်ခဲ့ပါတယ် ။ဒါကြောင့် People’s Spring ရဲ့အချက်အလက်တွေအရစစ်တပ်က ဇူလိုင်နဲ့ သြဂုတ်လမှာ ပြန်လည်သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ ၅ မြို့ရှိပါတယ် ။
တော်လှန်ရေးတပ်တွေအတွက်လည်း ၂၀၂၅ ဧပြီလဆန်းပိုင်းမှာ အင်းတော်မြို့ နဲ့ ဖလမ်းမြို့ကိုသိမ်းယူပြီးတဲ့နောက် မြို့တွေထပ်မသိမ်းနိုင်ခဲ့ပဲဖြစ်နေတာမှာ ငါးလကျော်ကြာမှမြို့တမြို့ကိုပြန်သိမ်းနိုင်ခဲ့တာပါ ။မြို့နယ်အဆင့်ရှိတဲ့ မြို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်တပ်ကဆုံးရှံး နယ်မြေတွေပြန်ထိန်းနိုင်ဖို့ထိုးစစ်ဆင်နေချိန်မှာ မြို့နယ်တစ်မြို့ထပ်မံလက်လွှတ်ခဲ့ရတာပါ။ ဒါအပြင်စစ်အုပ်စုက လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲပထမအဆင့်မှာ မပါတဲ့ ၅၆ မြို့နယ်မှာလည်း ဗန်းမောက်ကိုထည့်သွင်းမထားပါဘူး။ဒါကြောင့် ဗန်းမောက်မြို့နယ်မှာရွေးကောက်ပွဲလုပ်မယ်လို့အဓိပ္ပါယ်သက်ရောက်ခဲ့ပါတယ်။ဒါပေမယ့်တော်လှန်ရေးတပ်တွေက တန်ပြန် သိမ်းပိုက်သွားတာဖြစ်ပါတယ် ။


















































