Connect with us

Hi, what are you looking for?

သတင်း

ပစ္စည်းခိုးယူတယ်စွပ်စွဲချက်နဲ့ အမျိုးသမီးနဲ့ ကလေးငယ်ကို လမ်းဘေးဓာတ်တိုင် ကြိုးတုပ်ခဲ့တဲ့ ဆိုင်ရှင်ရဲ့လုပ်ရပ် ဝေဖန်ခံနေရ

ရန်ကုန်၊ လှိုင်သာယာမြို့မှာ စတိုးဆိုင်ထဲကို ဝင်ခိုးတယ်ဆိုတဲ့ သားအမိနှစ်ဦးကို ဆိုင်ရှင်က ဖမ်းဆီးပြီး ကြိုးတုပ်ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ‌မိထက်/People’s Spring

ရန်ကုန်၊ လှိုင်သာယာမြို့မှာ စတိုးဆိုင်ထဲကို ဝင်ခိုးတယ်ဆိုတဲ့ သားအမိနှစ်ဦးကို ဆိုင်ရှင်က ဖမ်းဆီးပြီး ကြိုးတုပ်ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။

သက်လတ်ပိုင်းအမျိုးသမီးနဲ့ အသက် ၃နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးတို့ကို ဆိုင်ရှင်အမျိုးသမီးက သူ့ဝန်ထမ်းတွေကို လမ်းဘေးဓာတ်တိုင်ကို ကြိုးတုပ်စေခဲ့ပြီး ကြိုးမတုပ်ခင်မှာလည်း ကလေးငယ်ကို ဖက်ထားတဲ့ အမျိုးသမီးကို ဆိုင်ရှင်က ရိုက်နှက်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ဟာ ဒီနေ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

ကလေးကို အကြောင်းပြပြီး လိုက်ခိုးနေတယ်လို့ ဆိုင်ရှင်ကပြောပြီး ရိုက်နှက်နေတာကိုတွေ့ရပါတယ်။ ခိုးထားတာတွေကို ပြန်လျော်ပေးဖို့နဲ့ မလျော်ပေးရင် ရဲလက်အပ်မယ်လို့ ပြောဆိုပြီး ရိုက်နှက်နေတာတွေ့ရပါတယ်။ ပစ္စည်းတွေခိုးယူတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီး ရင်ခွင်ထဲက ကလေးငယ်ဖြစ်သူကိုလည်း ဆွဲဖယ်ဖို့ ဆိုင်ရှင်က သူ့ဝန်ထမ်းတွေကို ပြောဆိုခဲ့ပြီး ဝန်ထမ်းတစ်ဦးက ဆွဲဖယ်ဖို့ကြိုးပမ်းနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကလေးကို ဆေးကုဖို့ ငွေလိုလို့ ခိုးယူမိတာလို့ စွပ်စွဲခံရတဲ့အမျိုးသမီးက ငိုယိုပြောနေပြီး အဲဒီအကြောင်းကို စိတ်မဝင်စားကြောင်းနဲ့ ပြန်လျော်ဖို့ ဆိုင်ရှင်က ပြန်ပြောနေတာ တွေ့ရပါတယ်။

ခိုးယူတယ်လို့စွပ်စွဲခံရတဲ့အမျိုးသမီးနဲ့ ကလေးငယ်ကို တွဲပြီး ကြိုးတုပ်ထားတဲ့အထိ ဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေက ဆိုင်ရှင်ကို ဝေဖန်နေကြပါတယ်။ ဆိုင်ရှင်အမျိုးသမီးကို ဝေဖန်နေသူတွေက ခိုးယူတယ်လို့ စွပ်စွဲခံရသူကို ဥပဒေအရသာ ဖြေရှင်းသင့်ပြီး ကလေးငယ်ရှေ့မှာ ကိုယ်ထိလက်ရောက် မရိုက်နှက်သင့်ကြောင်း ထောက်ပြကြပါတယ်။ ကလေးငယ်ကို ရေနွေးနဲ့လောင်းမယ်လို့ ဆိုင်ရှင်အမျိုးသမီးရဲ့ခြိမ်းခြောက်ပြောဆိုမှုကိုလည်း အပြင်းအထန်ဝေဖန်နေကြပြီး ကလေးငယ်ကို ကြိုးတုပ်ခဲ့တဲ့ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးအရေးယူလည်း တိုက်တွန်းနေကြပါတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးက မင်းအောင်လှိုင်ခေတ်မှာ လူတွေ လုပ်ကိုင်စားသောက်ရတာ ပိုမိုခက်ခဲ၊ကြပ်တည်းလာပြီး လူလူချင်း ရက်ရက်စက်စက်ပြုလုပ်ဖို့ မလိုအပ်ကြောင်း ရေးသားထားပါတယ်။

“ခေတ်ကြီးကပျက်နေတာကို ကြံရာမရတဲ့အဆုံး ခိုးစားတာနေမှာပါ။ စီးပွားပျက်လောက်အောင်ခိုးသွားတာမဟုတ်ရင်လဲ ဥပဒေအရ အရေးယူပြီး နောက်အခိုးမခံရအောင် သတိထားပါ့လား” လို့ ပြည်သူတစ်ဦးကလည်း မှတ်ချက်ရေးသားထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေရပ်တန့်သွားတာနဲ့ ကုန်စျေးနုန်းတွေ ကြီးမြင့်တာကြောင့် အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေးအခက်အခဲ ကြီးမားစွာရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)စစ်တမ်းအရ ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ဦးမှာ ၄ဦးကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ဖော်ပြပါတယ်။

UNDP ကထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၈ နှစ်(၂၀၁၇)က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းက ဆင်းရဲနေသူတွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် အရောက်မှာ​တော့ ဆင်းရဲနွမ်းပါးမှုဟာ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ​ဖော်ပြထားပါတယ်။ ဒါ​ကြောင့်ဆင်းရဲနွမ်းပါမှုနှုန်းက ၈ နှစ် အတွင်းမှာ သုံးဆ​ကျော်​တောင်တိုးလာတာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေ ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိတာမှာ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရပြီးတော့ အရင်ကတည်းက ဆင်းရဲသူတွေကလည်း ပိုဆိုးရွားတဲ့ အဆင်မပြေမှုတွေ ရှိလာတယ်လို့ UNDPက ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။