Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဘန်နီဖြိုးရှိုးပွဲလာတဲ့ကားတချို့ ကားမှန်တွေခွဲခံပြီး ပစ္စည်းတွေ ခိုးခံရ

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၃ ရက်ညက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြား၊ ၅၃ လမ်းမှာရှိတဲ့ The First Mandalay Event Park ပြုလုပ်ခဲ့တဲ့ အဆိုတော်ဘန်နီဖြိုးရဲ့ စတိတ်ရှိုးကို သွားကြည့်ကြတဲ့ ပရိသတ်အချိူ့ရဲ့ကားတချို့ မှန်တွေအခွဲခံရပြီး ကားထဲပါ ပစ္စည်းတွေ အခိုးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ ဘန်နီဖြိုးပွဲအပြန်မှာ ကားမှန်တွေ ရိုက်ခွဲပြီးတော့ ကားထဲက ပစ္စည်းတွေ ဝင်မွှေပြီးတော့ အကုန်ယူသွားပါတယ်ရှင့်”ဆိုပြီး ကာယကံရှင်အမျိုးသမီးက TikTok မှာ တင်ထားပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ပွဲမစခင် ညနေ ၄ နာရီခန့်ကလည်း စတိတ်ရှိုးကျင်းပမယ့်နေရာအနီး လမ်း ၃၀ ပေါ်ရပ်ထားတဲ့ ကားတစ်စီးလည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ကားမှန်တွေ ပျက်စီးသွားကြောင်း ဒေသခံအချိူ့က ပြောပါတယ်။

“လမ်း ၃၀ ပေါ်ရပ်ထားထားတဲ့ကားတစ်စီးကို ဗုံးနဲ့ခွဲလား မသိဘူး၊ ဒိုင်းဒိုင်းဆိုပြီးတော့ မီးခိုးတွေပါထွက်တယ်။ ကားမှန်တွေတောင်ကွဲတယ်”လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် တခြားကားတွေလည်း ကားဘတ်မှန်တွေ ဖြုတ်ခိုးခံလိုက်ရကြောင်း သိရပါတယ်။

ဘန်နီဖြိုးစတိတ်ရှိုးလုပ်တဲ့နေရာမှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က စတိတ်ရှိုး လုပ်သွားခဲ့ပါသေးတယ်။ မနေ့ညက ဖျော်ဖြေပွဲမှာလည်း စိုင်းစိုင်းခမ်းလှိုင် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိဘဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်နေလို့ စိုင်းစိုင်းခမ်းလှိုင်ကို Boycott လုပ်ဖို့ တိုက်တွန်းခဲ့ကြပေမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မန္တလေးရှိုးပွဲဟာ လူနှစ်သောင်းကျော်နဲ့ စည်ကားခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ မန္တလေးမြို့တင်မကဘဲ ဘန်ကောက်အထိ ရှိုးပွဲ ထပ်မံသွားလုပ်ခဲ့ပြီး ပြည်တွင်းမှာလည်း ထပ်မံကျင်းပဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ယခုလက်ရှိ စစ်မှုထမ်းပေါ်တာဆွဲတာတွေ နေ့ရောညပါ ပြုလုပ်နေပြီး အသွားအလာဆင်ခြင်နေရကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ ပျူစောထီးတွေ လက်နက်ကိုင်ဆောင်သောင်းကျန်းပြီး လုယက်တာတွေပါ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

Trending

Facebook