Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ ဝိန့်စိန်ရွှေဆိုင်ကရွှေပို့တဲ့ကား ပြန်ပေးဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ ဝိန့်စိန်ရွှေဆိုင်က ရွှေပို့တဲ့ကားတစ်စီး ပြန်ပေးဆွဲခံလိုက်ရကြောင်း ဒေသခံများက ပြောပါတယ်။

မန္တလေးမြို့မှာရှိတဲ့ ဝိန့်စိန်ရွှေဆိုင်တဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ ဝိန့်စိန်ရွှေဆိုင်က ရွှေပို့တဲ့ကားတစ်စီး ပြန်ပေးဆွဲခံလိုက်ရကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးမှာ မန္တလေးမြို့၊ ဝိန့်စိန်ရွှေဆိုင်ကနေ မုံရွာမြို့ကို ရွှေသွားပို့မယ့် ဆိုင်ဝန်ထမ်း ၃ဦးပါတဲ့ ကားတစ်စီးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

” ဖိုးဝီးအနက်နဲ့ကား။ မုံရွာကို ရွှေထည်တွေလာပို့တာ။ မုံရွာကမန်နေဂျာပါပါသွားတယ်။နှစ်ဘက်အဖွဲ့အစည်းတွေလည်း လိုက်နေကြတယ်လို့ သိရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြန်ပေးဆွဲပြီး ငွေပမာဏဘယ်လောက်တောင်းတယ်ဆိုတာတော့ လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲဒီ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့်သူတွေက စစ်ကိုင်းခရိုင်၊ PDF တပ်ရင်း(၁)က လုပ်တယ်ဆိုပြီး တယ်လီဂရန်ချန်နယ်တွေကနေ ဝါဒဖြန့်ရေးသားတိုက်ခိုက်နေပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း(၁)က စစ်အုပ်စုဟာ မဟုတ်မမှန် သတင်းထုတ်နေခြင်းသာဖြစ်ကြောင်း၊ တပ်ရင်း (၁)ဟာ တပ်ရင်းတည်ထောင်တဲ့နေ့ကစပြီး ဒီကနေ့အချိန်ထိ အပြစ်မဲ့ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ပစ္စည်းယူခြင်းများ ပြုလုပ်ခဲ့ခြင်း လုံးဝ(လုံးဝ) မရှိခဲ့ကြောင်း၊ တပ်ရင်းအမည်အသုံးချပြီး ပြုလုပ်နေသူတွေရှိနေလို့ အသိပေးကြေညာချက်များ ထုတ်ခဲ့ရဖူးကြောင်း တပ်ရင်း (၁)က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းခရိုင်တပ်ရင်း(၁)ဟာ တပ်တည်ထောင်သည်မှစပြီး စစ်ဘက်ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေများနှင့် အညီရပ်တည်နေသော တပ်ရင်းဖြစ်ကြောင်း၊ တပ်ရင်း(၁)ဟာ စစ်တိုက်တဲ့ တပ်ရင်းဖြစ်ပြီး လူဖမ်းတဲ့တပ်ရင်းမဟုတ်ကြောင်း တပ်ရင်း(၁)ရဲ့တပ်ရင်းမှူး ဗိုလ်ယက္ခက အသိပေးပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်က စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး စတဲ့လမ်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေ အများအပြားရှိပြီး ခရီးသွားပြည်သူတွေကို မကြာခဏ စစ်ဆေးငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

သတင်း

လက်နက်ကိုင်တွေက ပြန်ပေးဆွဲပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ၃၃ ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

Facebook