Connect with us

Hi, what are you looking for?

News

ယော​ဒေသတွင် အကြမ်းဖက်စစ်တပ်က အရိပ်မဲ့စစ်ဆင်​ရေးပြုလုပ်​နေဟု ဂန့်​ဂေါPDF ထုတ်ပြန်

နိုဝင်ဘာ ပထမပတ်ကစ၍ စစ်ကောင်စီသည်ယောဒေသ ဆော၊ကျောက်ထုနှင့် လောင်းရှည် တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့သည်။

People's Spring
People's Spring

ဂန့်ဂေါခရိုင် ယောဒေသတွင် အကြမ်းဖက်အာဏာလုစစ်တပ်က အရိပ်မဲ့စစ်ဆင်ရေး ( ကွန်မန်ဒိုစစ် ဆင်ရေး) ကိုအသုံးပြုပြီး တောနင်းရှာဖွေမှုများပြု လုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်းက ယနေ့ (နိုဝင်ဘာ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးအတွက် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်းက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းသုံးကြောင်းအနက်တစ်ဖွဲ့သည် စစ်ကြောင်းထိုးရာဖက်၊ တစ်ဖွဲ့သည် စစ်ကြောင်းစထွက်ရာလမ်းဖက် နှင့် ကျန်တစ်ဖွဲ့သည် အလယ်ဗဟိုမှနေ၍ ပြည်သူများမြင်သာသည့်နေရာတွင် နေရာရွှေ့၍ အရိပ်ပြလှုပ်ရှားနေသည်ဟုလည်း ဂန့်ဂေါတပ်ရင်းက ပြောသည်။

ယခုစစ်ဆင်ရေးသည် ၎င်းတို့မည်သည့်ဖက်ကို သွားမည်ကို ခန့်မှန်းရခက်ခဲစေပြီး အချိန်အကန့်သတ်မဲ့ဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း ဂန့်ဂေါတပ်ရင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်တွင် မြေပုံကျွမ်းကျင်သူ၊ လူကိုလူဟုမမြင်ဘဲ သတ်ရမှာဝန်မလေးသော အာဏာ ရှင်လက်ပါးစေများ များစွာပါဝင်သောကြောင့် ပြည်သူများအနေဖြင့် ထိပ်တိုက်မတွေ့ဆုံမိစေရန် သတိပေးသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ရိက္ခာကုန်လျှင် အနီးစပ်ဆုံးရွာ(တဲ) စသည်တို့ကိုဝင်ရောက် ဓားပြတိုက်ကြလိမ့်မည်ဖြစ်၍ အထူးသတိရှိပေးကြပါရန်လည်း မေတ္တာရပ်ခံသည်။

နိုဝင်ဘာ ပထမပတ်ကစ၍ စစ်ကောင်စီသည်ယောဒေသ ဆော၊ကျောက်ထုနှင့် လောင်းရှည် တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ့တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ အချို့ရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဆုံးပြီး ပြည်သူ့ကာကွယ် ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ယော PDF ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Trending

Facebook