Connect with us

Hi, what are you looking for?

News

လိုင်စင်မဲ့​ကားတွေဖမ်း​နေတဲ့အ​ပေါ် မြို့ခံ​တွေ​ဝေဖန်

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုသုံးပြီး ကုန်ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေရပြီး ကုန်ကျစရိတ်တွေ ပိုများလာတဲ့အပြင် အရောင်းအဝယ်တွေလည်း ပါးလာတယ်လို့ ဈေးလာရောင်းတဲ့သူတွေနဲ့ မြို့ခံတွေက​ပြောပါတယ်။

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဒီလိုစစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး မြို့ထဲကို ဈေးလာဝယ်ရောင်းကြသူတွေ၊ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ရောင်းချသူတွေအနေနဲ့ အခက်ပိုကြုံနေရပြီး ကုန်ကျစရိတ်လည်း အရင်ကထက် ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

“အခုဆိုရင်ရွာက ဈေးရောင်းဈေးဝယ်တွေဟာ တက်လာမရဲတော့ဘူး။ ဒီမှာဈေးရောင်းတဲ့လူ မြို့ပေါ်ကဈေးရောင်းတဲ့လူတွေကလည်း အကုန်လုံးက အခက်အခဲဖြစ်နေတယ်။ ဈေးတွေက မရောင်းရတော့ဘူးလေ။ အခုဆိုရင် ရွာကကားတွေ ဝစ်သောက်ကားတွေ ပေးမဝင်လာတော့ အကုန်လုံးက မလာရဲကြတော့ အကုန်လုံးအရောင်းအဝယ်တွေ ထိခိုက်တာပေါ့။ အရင်က ကား ၁၀ စီးလာရင် အခုက ကား ၁ စီးပဲ လာနိုင်တော့တယ်” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာပြီးတဲ့နောက်ပိုင်းမှာ ကျေးလက်တောရွာက ဒေသခံတွေဟာ လိုင်စင်မဲ့ယာဉ်တွေနဲ့ မြို့ထဲကို မ လာရဲကြတော့ပဲ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ကားဖမ်းဆီးမှုကြောင့် ဘားအံမြို့တွင်းထဲမှာ ရှင်းလင်းခြောက်ကပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“လမ်းကြောင်းကြည့်ရတာပေါ့။ တံတားဖြတ်တဲ့ဟာ မရဘူးပေါ့။ သံလွင်တံတားဖြတ်တဲ့သူတွေတော့ မရဘူး။ ဟိုဘက် လှိုင်းဘွဲတို့ဘာတို့ကျတော့ လမ်းကြောင်းရှင်းရင် လာတာပေါ့။ မဖမ်းတဲ့အခြေအနေ ပြေးလာတယ်။ ဖမ်းတာတွေ့ရင် ကားအနီးအနားမှာ နည်းနည်းကွာကွာဝေးမှာ ကားရပ်ပြီး သူတို့ကားငှားပြီး သူတို့လာခဲ့လိုက်တယ်။ မနက်ဆိုလည်း လောလောဝယ်ပြီး လောလောပြေးတယ်။ အရောင်းအဝယ်တော့ပါးတယ်ပေါ့။ အရောင်းအဝယ်ပြီးတော့ တချက်တချက်ပဲရောက်လာတယ်။ လမ်းတော့ကြည့်လိုက်တယ် ရှင်းနေတာပဲ ကားတွေ။ နောက်သုံးလေးယောက်စုပြီး လိုင်စင်ကားငှားပြီးတော့ လာကြတာပေါ့။ အမြတ်တွေနည်းသွားတယ်။ ဆိုင်တွေက ဖွင့်ကြတာပဲ အရောင်းအဝယ်တော့ပါးတယ်။ အရောင်းအဝယ်က အရင်လို ၁ သိန်းဖိုးလောက်ဝယ်မယ်ဆိုရင် ၄ ၅ သောင်းဖိုးလောက်ပဲ ဝယ်သွားကြတယ်။ ရွာမှာပြန်ရောင်းတဲ့လူတွေ အများကြီးမရင်းရဲတော့ဘူးပေါ့” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ကျေးလက်တောရွာက ဒေသခံပြည်သူတွေအများစုဟာ မြို့ထဲကိုအလာနည်းပါးသွားတာကြောင့် ဘားအံမြို့ထဲက ကုန်စုံဆိုင်တွေမှာ အရောင်းအဝယ်ပါးလာကြတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ကရင်ပြည်နယ်ထဲမှာ ဒေသခံပြည်သူအများစုဟာ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားပြီးသုံးစွဲနေရတာဖြစ်တဲ့အတွက်ကြောင့် အခုလို စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုပြုလုပ်လာတဲ့အပေါ်မှာ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပြီး အခက်အခဲတွေ အများကြီးကြုံတွေ့ နေရတာဖြစ်ပါတယ်။

အရင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုမပြုပဲဖြတ်သန်းသွားလာခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ ယာဉ်တွေအားလုံးကိုပါ စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းခိုင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Facebook