Connect with us

Hi, what are you looking for?

LuduNwayOo

News

လိုင်စင်မဲ့​ကားတွေဖမ်း​နေတဲ့အ​ပေါ် မြို့ခံ​တွေ​ဝေဖန်

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုသုံးပြီး ကုန်ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေရပြီး ကုန်ကျစရိတ်တွေ ပိုများလာတဲ့အပြင် အရောင်းအဝယ်တွေလည်း ပါးလာတယ်လို့ ဈေးလာရောင်းတဲ့သူတွေနဲ့ မြို့ခံတွေက​ပြောပါတယ်။

ဘားအံမြို့မှာ အခုလဝင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ စလုပ်လာခဲ့တာပါ။

ဒီလိုစစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး မြို့ထဲကို ဈေးလာဝယ်ရောင်းကြသူတွေ၊ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ရောင်းချသူတွေအနေနဲ့ အခက်ပိုကြုံနေရပြီး ကုန်ကျစရိတ်လည်း အရင်ကထက် ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

“အခုဆိုရင်ရွာက ဈေးရောင်းဈေးဝယ်တွေဟာ တက်လာမရဲတော့ဘူး။ ဒီမှာဈေးရောင်းတဲ့လူ မြို့ပေါ်ကဈေးရောင်းတဲ့လူတွေကလည်း အကုန်လုံးက အခက်အခဲဖြစ်နေတယ်။ ဈေးတွေက မရောင်းရတော့ဘူးလေ။ အခုဆိုရင် ရွာကကားတွေ ဝစ်သောက်ကားတွေ ပေးမဝင်လာတော့ အကုန်လုံးက မလာရဲကြတော့ အကုန်လုံးအရောင်းအဝယ်တွေ ထိခိုက်တာပေါ့။ အရင်က ကား ၁၀ စီးလာရင် အခုက ကား ၁ စီးပဲ လာနိုင်တော့တယ်” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာပြီးတဲ့နောက်ပိုင်းမှာ ကျေးလက်တောရွာက ဒေသခံတွေဟာ လိုင်စင်မဲ့ယာဉ်တွေနဲ့ မြို့ထဲကို မ လာရဲကြတော့ပဲ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ကားဖမ်းဆီးမှုကြောင့် ဘားအံမြို့တွင်းထဲမှာ ရှင်းလင်းခြောက်ကပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“လမ်းကြောင်းကြည့်ရတာပေါ့။ တံတားဖြတ်တဲ့ဟာ မရဘူးပေါ့။ သံလွင်တံတားဖြတ်တဲ့သူတွေတော့ မရဘူး။ ဟိုဘက် လှိုင်းဘွဲတို့ဘာတို့ကျတော့ လမ်းကြောင်းရှင်းရင် လာတာပေါ့။ မဖမ်းတဲ့အခြေအနေ ပြေးလာတယ်။ ဖမ်းတာတွေ့ရင် ကားအနီးအနားမှာ နည်းနည်းကွာကွာဝေးမှာ ကားရပ်ပြီး သူတို့ကားငှားပြီး သူတို့လာခဲ့လိုက်တယ်။ မနက်ဆိုလည်း လောလောဝယ်ပြီး လောလောပြေးတယ်။ အရောင်းအဝယ်တော့ပါးတယ်ပေါ့။ အရောင်းအဝယ်ပြီးတော့ တချက်တချက်ပဲရောက်လာတယ်။ လမ်းတော့ကြည့်လိုက်တယ် ရှင်းနေတာပဲ ကားတွေ။ နောက်သုံးလေးယောက်စုပြီး လိုင်စင်ကားငှားပြီးတော့ လာကြတာပေါ့။ အမြတ်တွေနည်းသွားတယ်။ ဆိုင်တွေက ဖွင့်ကြတာပဲ အရောင်းအဝယ်တော့ပါးတယ်။ အရောင်းအဝယ်က အရင်လို ၁ သိန်းဖိုးလောက်ဝယ်မယ်ဆိုရင် ၄ ၅ သောင်းဖိုးလောက်ပဲ ဝယ်သွားကြတယ်။ ရွာမှာပြန်ရောင်းတဲ့လူတွေ အများကြီးမရင်းရဲတော့ဘူးပေါ့” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ကျေးလက်တောရွာက ဒေသခံပြည်သူတွေအများစုဟာ မြို့ထဲကိုအလာနည်းပါးသွားတာကြောင့် ဘားအံမြို့ထဲက ကုန်စုံဆိုင်တွေမှာ အရောင်းအဝယ်ပါးလာကြတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ကရင်ပြည်နယ်ထဲမှာ ဒေသခံပြည်သူအများစုဟာ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားပြီးသုံးစွဲနေရတာဖြစ်တဲ့အတွက်ကြောင့် အခုလို စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုပြုလုပ်လာတဲ့အပေါ်မှာ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပြီး အခက်အခဲတွေ အများကြီးကြုံတွေ့ နေရတာဖြစ်ပါတယ်။

အရင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုမပြုပဲဖြတ်သန်းသွားလာခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ ယာဉ်တွေအားလုံးကိုပါ စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းခိုင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။