Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်နားမှာ ရွှေခိုးတူးနေတဲ့မြန်မာတွေကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်တွေပြော

ထိုင်း-မြန်မာ နယ်စပ်နားက ထိုင်းပိုင်နက်ထဲ ရွှေခိုးတူးနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားအချို့။ ဓါတ်ပုံ-Bangkok Post

နိုဝင်ဘာ-၁၈၊၂၀၂၅။People’s Spring

ထိုင်း-မြန်မာ နယ်စပ်နားက ထိုင်းပိုင်နက်ထဲ ရွှေခိုးတူးနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်နားကပီလော့ခ်ခီအမျိုးသား သစ်တောဧရိယာမှာ နိုဝင်ဘာ၁၇ ရက်နေ့တုန်းက မြန်မာနိုင်ငံသား ၃ ဦးနဲ့ ဒေသခံ ကရင်ရွာသားတစ်ဦးတို့ တရားမဝင် ရွှေတူးနေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အမျိုးသား သစ်တောဇုန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန အကြီးအကဲ ယူသာပေါင် ဒီဆရီဆက်ခ်က ထိုင်းအစိုးရ အမျိုးသား သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာန ညွှန်ကြားမှုအရ နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းပြီး ကင်းလှည့်မှုတွေကို ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ရာက တရားမဝင် ရွှေတူးသူတွေကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကနဦးမှာတော့ ထိုင်းအာဏာပိုင်တွေဟာ တောထဲမှာ တရားမဝင် ရွှေတူးသူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။အဲဒီကင်မရာတွေကလက်နက်ကိုင် ၁၅ ယောက်လောက်ကိုခြေရာခံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေက ဒေသစံတော်ချိန် သန်းခေါင်ယံ မတိုင်ခင်လောက်မှာ အဲဒီနေရာကို ဝန်းရံ ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တရားမဝင် ရွှေတူးနေသူ တချို့က အခြေအနေကို ရိပ်စားမိပြီး ထွက်ပြေးသွားတာကြောင့် ၄ ဦးကိုပဲ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ ရွှေတူးတဲ့ ပစ္စည်းတွေ၊ သေနတ်တွေ၊ ကျည်ကတ်တွေနဲ့ တခြား ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ယူသာပေါင်ကတော့ ဖမ်းဆီးထားသူတွေကို တရားစွဲဖိုဆို့၊ လွတ်မြောက်သွားသူတွေကို ခြေရာခံ ဖမ်းဆီးနိုင်ဖို့ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။