Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကို တူရကီ ကန့်ကွက်

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တူရကီ အစိုးရက အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တူရကီ အစိုးရက အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တူရကီ ကမ်းလွန်ရေပြင်မှာ ရုရှားရဲ့ ရေနံတင် သင်္ဘောတစ်စီးကို ယူကရိန်းရဲ့ ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတစ်စီးက ဝင်တိုက်ခဲ့လို့ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ တူရကီဟာ အဲဒီ သင်္ဘောပေါ်က မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က ပင်လယ်နက်ထဲမှာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးကို ဘယ်လို အကြောင်းပြချက်နဲ့မှ မလုပ်ကြဖို့ ရုရှားရော၊ ယူကရိန်းကိုပါ ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲဟာ ပင်လယ်နက် ရေလမ်းကြောင်းရဲ့ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ကိုပါ ခြိမ်းခြောက်လာပြီ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက တူရကီကမ်းလွန် အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်မှာ ရေနံတင်သင်္ဘော တိုက်ခိုက် ခံရမှုဟာ စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း အာဒိုဝမ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက အရပ်ဖက် ရေယာဉ်တွေကို တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် ဘယ်လို ဆင်ခြေမျိုးနဲ့မှ ကာကွယ်လို့ မရနိုင်ကြောင်းလည်း ဆိုပါတယ်။ ဒါမျိုး ထပ်မဖြစ်အောင် သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးဆီ သတိပေးဖို့ လိုတယ်လို့လည်း အာဒိုဝမ်က မှတ်ချက်ပေးသွားပါတယ်။

အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့ထားမှုတွေကို ရှောင်ကွင်းပြီး ရုရှားရေနံတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ရေယာဉ် အစုအဖွဲ့ထဲမှာ ပါဝင်တယ်ဆိုတဲ့ Virat ရေနံတင် သင်္ဘောကို တူရကီရဲ့ ပင်လယ်နက် ကမ်းရိုးတန်းအလွန် ၃၅ မိုင်လောက် အကွာမှာ ယူကရိန်း ဒရုန်းတစ်စီးက ဝင်ရောက်တိုက်ခိုက် ဖောက်ခွဲခဲ့တာလို့ တူရကီက ထုတ်ပြန်ထားပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး အရာရှိတွေကတော့ အဲဒီမစ်ရှင်မှာ ရုရှားရဲ့ ရေနံတင် သင်္ဘော နှစ်စီးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်း ဒရုန်းတွေဟာ သင်္ဘောနှစ်စီးကိုသာ မကဘဲ ရေနံတင်ပို့တဲ့ ပင်လယ်နက် ဆိပ်ကမ်း တစ်ခုကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း၊ အဲဒီလို အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ ယူကရိန်းရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ပင်လယ်နက် ရေလမ်းကြောင်းမှာ အရပ်ဖက် ရေယာဉ်တွေ တိုက်ခိုက်ခံရပြီး လုံခြုံမှု ကင်းမဲ့လာမယ်ဆိုရင် ကမ္ဘာ့စျေးကွက် တစ်ခုလုံးကိုပါ ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိလာနိုင်ကြောင်း ရုရှားက သတိပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။