Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ရွှေကူ KPDF တိုက်တွန်း

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ရွှေကူ KPDFက တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ကသာမြို့မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှူကို ကသာခရိုင် ၅/ကသာ လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး K 5 တပ်ရင်းရဲဘော်တွေ ၊ကျေးရွာပကဖ တွေနဲ့အတူ ထီးချိုင့်မြို့နယ်က သံဃာတော်တွေနဲ့ ပြည်သူတွေ ဒီဇင်ဘာ ၃ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ကသာခရိုင် ၅/ကသာ လူထုသပိတ်

ဒီဇင်ဘာ ၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ရွှေကူ KPDFက တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ကိစ္စရပ်တွေအပေါ် တစုံတရာ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဒီဇင်ဘာ ၃ရက်က ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် တော်လှန်ရေးကာလ လေးနှစ်ကျော်ပြီဖြစ်တဲ့အလျောက် အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကိစ္စတွေနဲပ မပတ်သက်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စတွေကို မသိရှိ နားမလည်ဟူသော အကြောင်းအရာတွေ လက်ခံ စဉ်းစားပေးမှာမဟုတ်ဘဲ ထိရောက်စွာ အရေးယူခြင်းခံရမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကူ KPDFဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှပါတယ်။

စစ်ကောင်စီဟာ အခု ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေဘက်ကလည်း နည်းမျိုးစုံနဲ့ စစ်တပ်ရွေးကောက်ပွဲ မပူးပေါင်းဖို့ အသိအမှတ်မပြုဖို့ နှိုးဆော်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေဖို့ ကြိုးပမ်းနေတာ ဖြစ်သလို အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ဒါကြောင့် စစ်တပ် ရွေးကောက်ပွဲ ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။