Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘွန်ဒီ ကမ်းခြေ ပစ်ခတ်မှုအပြီး အရပ်သားတွေဆီက သေနတ်တွေ ပြန်ဝယ်ဖို့ ဩစတြေးလျ စီစဉ်

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

ဓာတ်ပုံ - Getty Images

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းက ဆစ်ဒနီမြို့မှာရှိတဲ့ ဘွန်ဒီကမ်းခြေက ဂျူးရိုးရာ ပွဲတော်တစ်ခုကို သေနတ်သမား သားအဖ နှစ်ဦးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ၁၅ ဦး သေပြီး ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတွေက ဖခင်ဖြစ်သူ သေနတ်သမားကို သုတ်သင်နိုင်ခဲ့ပြီး သားဖြစ်သူကိုလည်း ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့ပါတယ်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုဟာ ဂျူးမုန်းတီးရေး ဝါဒကို အခြေခံတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအဖြစ် ဩစတြေးလျ ရဲတပ်ဖွဲ့က သတ်မှတ် ကြေညာခဲ့ပါတယ်။ သေနတ်သမားတွေဟာ တရားဝင် လိုင်စင်နဲ့ ဝယ်ယူထားတဲ့ လက်နက်တွေကို အသုံးပြုပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်းမှာ ဩစတြေးလျ အစိုးရဟာ ပြည်တွင်းမှာ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က အရပ်သားတွေဆီမှာ ပိုလျှံနေတဲ့၊ ပြီးတော့ ဥပဒေသစ်အရ ကိုင်ဆောင်ခွင့် ပိတ်ပင်မယ့် လက်နက် အမျိုးအစားတွေကို အစိုးရက ပြန်လည်စုစည်း ဝယ်ယူမယ့် အစီအမံတစ်ခု မကြာခင် မိတ်ဆက် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

၁၉၉၆ ခုနှစ်တုန်းက ပို့တ်အာသာမြို့မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တစ်ခုမှာ လူ ၃၅ ဦး သေဆုံးခဲ့တဲ့နောက် ဩစတြေးလျဟာ အခုလိုပဲ လက်နက်တွေကို အရပ်သားတွေဆီက ပြန်ဝယ်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ် ပြန်လည် သိမ်းဆည်း ဝယ်ယူမှုဟာ ပို့တ်အာသာဖြစ်စဉ် နောက်ပိုင်း အများဆုံး ဖြစ်လာမယ်လို့လည်း ဝန်ကြီးချုပ်က ခန့်မှန်းခဲ့ပါတယ်။

ပို့တ်အာသာ ကိစ္စနောက်ပိုင်း ဩစတြေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို အများကြီး ပြင်ဆင် ပြောင်းလဲခဲ့ကြောင်း၊ ဒါပေမဲ့ ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုက နိုင်ငံရဲ့ လမ်းမတွေပေါ်ကနေ နောက်ထပ် သေနတ်တွေကို သိမ်းဆည်းဖို့ လိုနေပြီဆိုတာ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

အယ်လ်ဘန်နိစ်က ဘွန်ဒီကမ်းခြေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ပတ်တိတိအကြာ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်တိတိမှာ ဩစတြေးလျ ပြည်သူတွေ အနေနဲ့ ထိခိုက်သေဆုံးခဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖယောင်းတိုင်တွေ ထွန်းညှိပေးကြဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါဟာ နစ်နာခဲ့ရသူ ဂျူးအသိုက်အဝန်းနဲ့ထပ်တူ ဩစတြေးလျ ပြည်သူတွေက စာနာရပ်တည်တယ်ဆိုတာ ပြသတဲ့ သင်္ကေတတစ်ခု ဖြစ်လိမ့်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဩစတြေးလျကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်တဲ့အခါ အမုန်းတရားဆိုတာ ဘယ်တော့မှ မပါစေရဘူးလို့လည်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

သူက ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ကြေကွဲဝမ်းနည်းမှု နေ့ရက်တစ်ခုကိုလည်း နောက်နှစ်ဆန်းမှာ သတ်မှတ်ဖို့ အစိုးရက စီစဉ်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုဟာ ပို့တ်အာသာ ဖြစ်ရပ်နောက်ပိုင်း ဩစတြေးလျမှာ အသေအပျောက် အများဆုံး အကြမ်းဖက်မှု တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။