Connect with us

Hi, what are you looking for?

သတင်း

ဒရုန်းအစင်းရေ ၂၅၀၀ ကျော် သိမ်းဆည်းရမိထားတယ်လို့ ထိုင်းစစ်တပ်ပြော

ထိုင်းစစ်တပ်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်နားမှာ ပြီးခဲ့တဲ့ ယသီတင်းပတ်ကုန်က မသင်္ကာစရာ ဒရုန်းတချို့ ပျံသန်းနေတာကို တွေ့ရှိခဲ့တဲ့နောက် ရှား​ဖွေဖမ်းဆီးရာက​နေ ဒရုန်း အစင်းပေါင်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

■ဖမ်းမိတဲ့အထဲ မြန်မာစစ်တပ်အတွက် တရုတ်ဒရုန်း​တွေသယ်​ပေးသူဆိုသူမြန်မာ ၄ ဦးပါဝင်

ဒီဇင်ဘာ-၂၃၊၂၀၂၅။People’s Spring

ထိုင်းစစ်တပ်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်နားမှာ ပြီးခဲ့တဲ့ ယသီတင်းပတ်ကုန်က မသင်္ကာစရာ ဒရုန်းတချို့ ပျံသန်းနေတာကို တွေ့ရှိခဲ့တဲ့နောက် ရှား​ဖွေဖမ်းဆီးရာက​နေ ဒရုန်း အစင်းပေါင်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့အမှတ်(၂ )စစ်ဒေသကွပ်ကဲရေး ဌာနရဲ့ဒီဇင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်နဲ့ အမျိုးသားအသံလွှင့်နဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC) တာဝန်ရှိသူတွေ၊ လုံခြုံရေး အေဂျင်စီတွေရဲ့အရာရှိတွေပူးပေါင်းပြီးမသင်္ကာစရာဒရုန်းတွေအများအပြားကိုသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်နားမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မသင်္ကာစရာ ဒရုန်းတချို့ ပျံသန်းနေတာကို တွေ့ရှိခဲ့တဲ့နောက် အခုလို ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။အဲဒီဒရုန်းတွေ တွေ့ရှိမှုကို အကြောင်းပြုပြီး လေဆိပ်နားက ဟို

တယ်မှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ၄ ဦးကိုလည်း တရုတ်လုပ်ဒရုန်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ မြန်မာနိုင်ငံသား၄ ဦးဟာ ဒရုန်းတွေကို မြန်မာစစ်တပ်ဆီ ပို့ဆောင်ပေးဖို့ ငှားရမ်း ခံထားရကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

စုစုပေါင်း အနေနဲ့ကတော့ ကွဲပြားတဲ့ နေရာတွေမှာ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဘယ်နေရာတွေမှာ၊ ဘယ်လို စစ်ဆင်ရေးမျိုးနဲ့ ရှာတွေ့ခဲ့သလဲ ဆိုတာကိုတော့ အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနက အသေးစိတ် မထုတ်ပြန်​သေး

ပါဘူး။

ဒါပေမဲ့ ကနဦး စစ်ဆေးချက်တွေအရ အဲဒီဒရုန်းတွေဟာ ရုရှား စစ်စခန်းတွေကို တိုက်ခိုက်ရာမှာ ယူကရိန်းစစ်တပ်က အသုံးပြုခဲ့တဲ့ အမျိုးအစားတွေနဲ့ ဆင်တူတယ်လို့သိရပါတယ်။

အဲဒီဒရုန်းတွေဟာ နိုင်ငံပိုင်နက်ထဲကိုကုန်းလမ်းကနေ မှောင်ခို ဝင်ရောက်လာပြီး တခြားကုန်စည်တွေနဲ့ ရောနှော သယ်ဆောင်လာတယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။အဲဒီဒရုန်းတွေဟာထိုင်းနိုင်ငံအတွက်ခြိမ်းခြောက်မှု ပုံစံအသစ်တစ်ခု ဖြစ်

လာနိုင်တယ်လို့လည်းအမှတ်(၂)စစ်ဒေသကွပ်ကဲရေး ဌာနက သတိပေးထားပါတယ်။

လောလောဆယ်တော့ သိမ်းဆည်းရမိထားတဲ့ ဒရုန်းအရေအတွက် ၂၅၀၀ ကျော်ထိ ရှိလာပြီး အချက်အလက်တွေကို စိစစ်နေဆဲလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ပြီးတော့ အသေးစိတ် အကြောင်းအရာတွေကို နောက်ဆက်တွဲထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။