Connect with us

Hi, what are you looking for?

သတင်း

မြန်မာပေါကားတွေကို ငြီးငွေ့နေတယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ငြီးတွား

မြန်မာရုပ်ရှင်ပေါကားတွေကို ငြီးငွေ့နေကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဒါရိုက်တာကြည်စိုးထွန်း ငြီးတွားလိုက်ပါတယ်။

ရုပ်ရှင်ပရက်ရှိူးမှာတွေ့ရတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဒါရိုက်တာကြည်စိုးထွန်း။ ဓာတ်ပုံ-Kyi Soe Tun Fb

ဒီဇင်ဘာ-၂၇၊ ၂၀၂၇။တိုးနေဝင်း/People’s Spring

မြန်မာရုပ်ရှင်ပေါကားတွေကို ငြီးငွေ့နေကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဒါရိုက်တာကြည်စိုးထွန်း ငြီးတွားလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်တဲ့ ဒါရိုက်တာကြည်စိုးထွန်းဟာ သူ့ရဲ့ Facebook အကောင့်ကနေ “သရဲ တ​စ္ဆေ စုန်းက​ဝေ အဖြာဖြာ…မိန်းမလျာ လင်လု အစုစု​ပေါကား ငြီး​ငွေ့သွားပါသဖြင့် ကာတွန်းရုပ်ရှင်ကား သွားကြည့်သူ ​မောင်​ကျောက်ခဲ”လို့ ရေးသားခဲ့တာပါ။ မောင်ကျောက်ခဲဆိုတာ သူ့ရဲ့ ကလောင်အမည်ဖြစ်ပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းဟာ သမ္မတရုံမှာ ပြုလုပ်ခဲ့တဲ့ နေတိုးရဲ့ မိန်းမလျာဇာတ်ကား ပရက်ရှိူးကိုလည်း တက်ရောက်ခဲ့တာဖြစ်လို့ အဲဒီဇာတ်ကားအပါအဝင် ရုံတင်ကားတွေကို မြန်မာပေါကားတွေလို့ ဆိုလိုခဲ့ပုံရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းကာလအတွင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ စစ်တပ်အလိုကျ ဝါဒဖြန့်ချိရေးနဲ့ ပေါဇာတ်ကားတွေအများစုသာ ထုတ်လုပ်နေတာဖြစ်တယ်လို့ ရုပ်ရှင်လေ့လာသူတွေက ပြောပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းဟာ စစ်တပ်အာဏာသိမ်းကာလမှာပဲ တကျော့ပြန် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဖြစ်လာခဲ့သူပါ။ သူတင်မကဘဲ သူ့သားဖြစ်သူ ချမ်းသာကြည်စိုးကိုလည်း အတွင်းရေးမှူးရာထူးပေးပြီး ခြယ်လှယ်နေတယ်လို့ သိရပါတယ်။

ရုပ်ရှင်အစည်းအရုံးဟာ စစ်တပ်စိတ်တိုင်းကျ ဝါဒဖြန့်ချိရေး​တွေမှာ ပါဝင်လုပ်ကိုင်​ပေး​နေပြီး စီးပွားရေးအရ အမြတ်အစွန်းတွေ ရရှိနေတယ်လို့ ရုပ်ရှင်လောကနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီအလိုကျ အကယ်ဒမီပေးပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး ရွှေကြိုရွေးချယ်ပွဲတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။