Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒီပဲယင်းစစ်ရှောင်စခန်းကို ဗုံးကြဲ

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-ဒီပဲယင်းပအဖ

ဇန်နဝါရီ-၁၊၂၀၂၆။အိမ်သွင်/People’s Spring

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ည၇နာရီ၃၀မိနစ်ခန့်မှာပဲယင်းမြို့နယ် ၊မူးကမ်းကြီးကျေးရွာက စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတာဖြစ်ပါတယ်။

“မြို့မှာနေလို့မရလို့စစ်ဘေးရှောင်တွေယာယီနေထိုင်တဲ့နေရာ။ အဲဒီစစ်ဘေးရှောင်စခန်းကို ကြဲသွားတာ။ ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ အခြေအနေမငြိမ်သေးလို့ အသေးစိတ်မသိနိုင်သေးဘူး”လို့ ဒီပဲယင်းမြို့က ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူအချို့နဲ့ ကျောင်းအနီးဝန်းကျင်ရှိပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြေပြင်အခြေနေကိုအသေးစိတ်အတည်မပြုနိုင်သေးဘူးလို့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူရှိတဲ့နေရာတွေကို စစ်ကောင်စီကပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲနေလို့ အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူ ၁၉ဦး သေဆုံးပြီး ၂၀ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။