Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်ဗျူဟာအနီး ကာကင်းစခန်းတခုကို

တိုက်ပွဲတွေပြင်းထန်‌နေတဲ့ နတ်ရေကန်ဗျူဟာအနီး၊ ပဇီရွာနားက ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီးစစ်သုံ့ပန်းတချို့ဖမ်းမိခဲ့ပါတယ်။

(၂၀၂၅ စက်တင်ဘာ ၇ ရက်မှာ နတ်​ရေကန်ကုန်း​​တောင်ဘက် ​ဝေဠုဝန်​ကျောင်းအနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ AA ကစစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-AA Info Desk)

AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း

ဇန်နဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring

တိုက်ပွဲတွေပြင်းထန်‌နေတဲ့ နတ်ရေကန်ဗျူဟာအနီး၊ ပဇီရွာနားက ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီးစစ်သုံ့ပန်းတချို့ဖမ်းမိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ ဇန်နဝါရီလ ၁၇ ရက်ညနေမှာ သိမ်းယူလိုက်တာလို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပဇီရွာကနေ ရှေ့ကိုတိုးလာတဲ့ကာကင်းကို ထိုးစစ်ဆင်ပြီးဖယ်ရှားတာ။ တိုက်ပွဲက ပြင်းထန်ပါတယ်။ သုံ့ပန်းတွေလည်း မိထားတာရှိတယ်” လို့ ‌၎င်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကပဇီရွာကိုတပ်စွဲထားပြီးနတ်ရေကန်ဗျူဟာကို စစ်ကူပို့နိုင်ဖို့ ကြိုးစားနေတာပါ။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို ‌AAနဲ့ ပူး

ပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ ၂မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်း

က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ရေးဆက်

လက် တင်းမာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။ ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့

၂၀၂၅စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလမှာ စစ်ကောင်စီ ပြန်လည်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပါတယ်။ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူခဲပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားရတာပါ။ မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေလည်းနေ့စဉ် ဗုံးလာကြဲနေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်တပ်က တပ်မ

(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့စကခ

(၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။တပ်မ(၈၈)ဟာ မင်းဘူးမြို့အခြေစိုက်ဖြစ်ပြီး လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီက နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်ထားတာဖြစ်ပါတယ်။ နတ်ရေကန်ဗျူဟာကို ခုခံတဲ့ တိုက်ပွဲမှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့စစ်သင်တန်းဆင်း‌ တွေကိုလည်း ပို့ဆောင်ထားပြီးရှေ့တန်းကနေထွက်ပြေးတာတွေ၊ လက်

နက်ချအလင်းဝင် တာတွေရှိနေပါတယ်။လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

AAနဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ကစစ်တွေနဲ့ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်‌‌ နေပါတယ်။ စစ်တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်မှာထိခိုက်သေဆုံးမှုများပြားသလို AAတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်မှုရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ပန်းတောင်းမြို့နယ်ထဲမှာ ဇန်နဝါရီလ၄ရက်နေ့ကဖြစ်

ပွားတဲ့တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူး

ကြီးဟန်လင်းအောင် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဧရာဝ

တီတိုင်း လေးမျက်နှာမြို့နယ်ထဲမှာလည်းဇန်နဝါ

ရီလ ၁၈ရက်မနက်အထိ စစ်ရေးတင်းမာနေပါတယ်။ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သံ

တွေကို အနီးဝန်းကျင်မြို့နယ်တွေကနေကြားနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။