Connect with us

Hi, what are you looking for?

News

ဘားအံမှာစစ်​ကောင်စီက စစ်​ဆေး​ရေးဂိတ်​တွေမှာ ပိုတင်းကြပ်စစ်​ဆေး​နေ

ဘားအံမြို့အဝင်အထွက်နဲ့ တံတားစစ်ဆေးရေးဂိတ်နေရာတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး သွားလာလုပ်ကိုင်နေရတဲ့ ဒေသခံရွာသားတွေအတွက် အခက်ပိုကြုံနေရတာပါ။

ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်နေတယ်လို့ မြို့ခံ​တွေက ​ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးသိမ်းဆည်းနေပြီး အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်နဲ့ တံတားလုံခြုံရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာနေတာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီက မြို့အဝင်အထွက်နေရာနဲ့ မြို့တွင်းထဲမှာ ဖမ်းဆီးစစ်ဆေးတာ​တွေကြောင့် ဒေသခံရွာသားတွေအများစုက မြို့ထဲကို မလာရဲကြတော့ဘဲ ကုန်ပစ္စည်းရောင်းဝယ်မှုတွေမှာလည်း အသုံးစရိတ်တွေ ပိုမိုများလာခဲ့တယ်လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့အဝင်အထွက်နဲ့ တံတားစစ်ဆေးရေးဂိတ်နေရာတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး သွားလာလုပ်ကိုင်နေရတဲ့ ဒေသခံရွာသားတွေအတွက် အခက်ပိုကြုံနေရတာပါ။

Public Service Announcement

Public Service Announcement

ဒေသခံတွေဟာ မြို့တွင်းထဲကို ကုန်ပစ္စည်းတွေသွားရောက်ပို့ဆောင်ပါက လိုင်စင်ရှိတဲ့ယာဉ်ကို အသုံးပြုငှားရမ်းနေရတာကြောင့် ကုန်ကျစရိတ်တွေ ပိုမိုများပြားလာခဲ့ပြီး အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘားအံသံလွင်တံတားဂိတ်မှာလည်း သွားလာနေတဲ့ ခရီးသွားပြည်သူတွေအပေါ် စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာခဲ့ပြီး အထူးသဖြင့် ခရီးသည်တင်ကားတွေကို အဓိကထားစစ်ဆေးခဲ့ကာ ဖုန်းတွေပါစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီကနေ ဆင်းလာတဲ့ ခရီးသည်တင်ကားတွေကို တားဆီးစစ်ဆေးရာမှာ လက်နက်နဲ့ လူအချို့ကို ဖမ်းဆီးရမိတာတွေရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Facebook