Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမှာစစ်​ကောင်စီက စစ်​ဆေး​ရေးဂိတ်​တွေမှာ ပိုတင်းကြပ်စစ်​ဆေး​နေ

ဘားအံမြို့အဝင်အထွက်နဲ့ တံတားစစ်ဆေးရေးဂိတ်နေရာတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး သွားလာလုပ်ကိုင်နေရတဲ့ ဒေသခံရွာသားတွေအတွက် အခက်ပိုကြုံနေရတာပါ။

ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်နေတယ်လို့ မြို့ခံ​တွေက ​ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးသိမ်းဆည်းနေပြီး အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်နဲ့ တံတားလုံခြုံရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာနေတာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီက မြို့အဝင်အထွက်နေရာနဲ့ မြို့တွင်းထဲမှာ ဖမ်းဆီးစစ်ဆေးတာ​တွေကြောင့် ဒေသခံရွာသားတွေအများစုက မြို့ထဲကို မလာရဲကြတော့ဘဲ ကုန်ပစ္စည်းရောင်းဝယ်မှုတွေမှာလည်း အသုံးစရိတ်တွေ ပိုမိုများလာခဲ့တယ်လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့အဝင်အထွက်နဲ့ တံတားစစ်ဆေးရေးဂိတ်နေရာတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကိုအသုံးပြုပြီး သွားလာလုပ်ကိုင်နေရတဲ့ ဒေသခံရွာသားတွေအတွက် အခက်ပိုကြုံနေရတာပါ။

Public Service Announcement

Public Service Announcement

ဒေသခံတွေဟာ မြို့တွင်းထဲကို ကုန်ပစ္စည်းတွေသွားရောက်ပို့ဆောင်ပါက လိုင်စင်ရှိတဲ့ယာဉ်ကို အသုံးပြုငှားရမ်းနေရတာကြောင့် ကုန်ကျစရိတ်တွေ ပိုမိုများပြားလာခဲ့ပြီး အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘားအံသံလွင်တံတားဂိတ်မှာလည်း သွားလာနေတဲ့ ခရီးသွားပြည်သူတွေအပေါ် စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်လာခဲ့ပြီး အထူးသဖြင့် ခရီးသည်တင်ကားတွေကို အဓိကထားစစ်ဆေးခဲ့ကာ ဖုန်းတွေပါစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီကနေ ဆင်းလာတဲ့ ခရီးသည်တင်ကားတွေကို တားဆီးစစ်ဆေးရာမှာ လက်နက်နဲ့ လူအချို့ကို ဖမ်းဆီးရမိတာတွေရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။