Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး စစ်ရှောင်အမျိုးသားလေးဦး ဖမ်းခံရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးရွာမှာစစ်ရှောင် အမျိုး သားလေးဦး ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နနွင်းတော်ဘိုးတည်နေရာပြမြေပုံ ( ဓာတ်ပုံ - Google Earth )

ဇန်နဝါရီ – ၂၁ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးရွာမှာစစ်ရှောင် အမျိုး သားလေးဦး ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက နနွင်းတောဘိုးရွာအနီးက တောကို တောနင်းနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

မနေ့ (ဇန်နဝါရီလ ၂၀ ရက်) မှာ နနွင်းတော်ဘိုးရွာမှာ စစ်ကောင်စီတပ် နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာအနီးတော ထဲကို စစ်ကောင်စီတပ်က တောနင်းတာပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒီဘက်က(တော်လှန်ရေး) ပြည်သူထိမှန်စိုး ဆုတ်ပေးလိုက်ရတယ်”လို့ နွားထိုးကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ စစ်ရှောင်လေးဦးကတော့ကိုဝင်းစိုး၊ ကိုကျော်စွာဝင်း၊ ကိုဖိုးနီ၊ ကိုနိုင်လင်းစိုးတို့ဖြစ်ပါတယ်။ တောထဲမှာ ရှောင်နေတဲ့အခြားစစ်ရှောင်တွေလည်း ဖမ်းခံရတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

နနွင်းတော်ဘိုးကျေးရွာက အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ လတ်တလောမှာစစ်ကောင်စီတပ်စစ်ကြောင်းရှိနေတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာနယ်မြေစိုးမိုးရေးအတွက်အင်အားသုံးပြီး နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာပါ ။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။