Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့ ကရင်ပြည်နယ်က ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ-၂၂၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ( ကျုံဒိုးမြို့နယ်) ရှိ ပြည်သူလူထုတွေဟာ အာဏာသိမ်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ပြည်သူ့ဆန္ဒ မပါတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ မြို့နယ် အသီးသီးရှိ လူထုခေါင်းဆောင်တွေက ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်း၊ ပိုစတာနဲ့တကွ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် “ပြည်သူကို ညှင်းဆဲသတ်ဖြတ်တဲ့ အစိုးရ အလိုမရှိ”၊ “စစ်အာဏာရှင် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ”၊ “စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ အလိုမရှိ”၊ “လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးနဲ့ ကော်သူးလေ အစိုးရ တည်ဆောက်ရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီ မြို့နယ် မုံရွာ ၊ ယာကြီး၊ ကလေးဝ လမ်းတနေရာမှာ နယ်မြေမငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း စာသားတွေ ကိုင်ဆောင်ပြီး “ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး”၊ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ် ရွေးကောက် သပိတ်မှောက် တော်လှန်ရေး ကို ရဲရဲလျှောက်”၊ “အတုအယောင် ရွေးကောက်ပွဲ လုပ်လည်း တော်လှန်ရေးက ဆက်ချမှာပဲ” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင် အလုပ်မအားတဲ့ကြားမှ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ UKSY

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။