Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ်စစ်တပ်ဗုံးကြဲမှုသေဆုံးသူထပ်တိုး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီ မြစ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်ရာ ကောင်ဂျာထီးလင်းကျေးရွာကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက သေဆုံးသူ ထပ်တိုးလာသလို ဒဏ်ရာရသူတွေကိုလည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ဆေးရုံမှာ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိကြောင်း ကချင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ပြောပါတယ်။

(ဗန်းမော်မြို့နယ် ကောင်ဂျာဒေသ စစ်တပ်ဗုံးကြဲမှုမှာ မိဘနှစ်ပါးဆုံးပါးသွားလို့ ကျန်ရစ်ခဲ့တဲ့ လသားကလေးငယ်။ ရုပ်သံ - Nang Pu)

▪️လသားအရွယ်က​လေးငယ်တဦးရဲ့မိဘ
နှစ်ဦးစလုံးသေဆုံးသွား

▪️လူစုလူဝေးမလုပ်ဖို့၊ လေကြောင်းရန် အပါ
အဝင် ပြည်သူတွေ လုံခြုံရေးဂရုစိုက်ဖို့နှိုးဆော်

ဇန်နဝါရီ-၂၃၊၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီ မြစ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်ရာ ကောင်ဂျာထီးလင်းကျေးရွာကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက သေဆုံးသူ ထပ်တိုးလာသလို ဒဏ်ရာရသူတွေကိုလည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ဆေးရုံမှာ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိကြောင်း ကချင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကောင်ဂျာဒေသထီးလင်းကျေးရွာမှာ ပြည်သူတွေက အောက်မေ့ဖွယ်ဝတ်ပြုပွဲ ပြုလုပ်နေစဉ် ဇန်
နဝါရီ ၂၂ရက်ညနေပိုင်းမှာ စစ်ကောင်စီက လေ
ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါ်နန်ပူက ပြောပါတယ်။

” ဟိုမှာ သေဆုံးတာက မနေ့ညက ၁၈ဦး။ အခုတော့ ၂၀ကျော်လောက်ပြီလို့ ပြောတယ်။” ဒေါ်နန်ပူက ပြောပါတယ်။

ဗုံးကြဲခံရမှု​ကြောင့်​သေဆုံးသူ​တွေထဲမှာမိဘနှစ်ပါးဆုံးပါးသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးဟာလည်းမိဘ မဲ့အဖြစ်ကျန်ခဲ့ပါတယ်။က​လေးငယ်မှာလည်းမျက်နှာမှာ ဒဏ်ရာရထားတာကို သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။ဒဏ်ရာရသူတွေကို လိုင်ဇာပြည်သူ့ဆေးရုံမှာ ကုသမှု ပေးနေတယ်လို့လည်း ပြောပါတယ်။

“လိုင်ဇာပြည်သူ့ဆေးရုံသို့ဒဏ်ရာရသူ၂၈ဦးရောက်
လာရာ ၁ဦးသေဆုံးသွားလို့ ၂၇ ဦးကို ဆက်လက် ကုသပေးလျက်ရှိတယ်”လို့ ဒေါ်နန်ပူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို ရည်
ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာ ဖြစ်လို့ စစ်ကောင်စီ လုပ်ရပ် လုံး၀ လက်မခံနိုင်ဟု ဒေါ်နန်ပူက ပြောပါတယ်။

“စကမ တပ်ဟာ လူတွေမဟုတ်ကြဘူး”လို့လည်း ဒေါ်နန်ပူက အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သား ပြည်သူ တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။

ကချင်စစ်ရေး သတင်းရင်းမြစ်တဦးကလည်း ပြည်သူတွေ ဆုတောင်းဖို့ ပြင်ဆင်နေတဲ့ နေရာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ စစ်သားတွေ မရှိဘူးလို့ ကောင်ဂျာဒေသ လေကြောင်း တိုက်ခိုက်ခံရမှု နဲ့ပတ်သက်ပြး ပြောပါတယ်။

” ဆိုလိုချင်တဲ့ဟာက ဘာမှ စစ်နဲ့မဆိုင်တဲ့နေရာ အဲဒီလို ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုတော့ အံ့ဩမဆုံးပါဘူး။…။ ပြည်သူတွေကို ပြောချင်တာက စစ်ရေး တော်တော်လေးဖြစ်နေတဲ့အချိန်မှာ စစ်ရေး နိုင်ငံရေးမကောင်းတဲ့အချိန်မှာ ဆုတောင်းပွဲ လိုမျိုး လူစုဝေးတာ အဲဒီလိုမျိုး မလုပ်ဖို့ရာအတွက်တိုက်တွန်းချင်တာ။ အဓိက ဒါကို ပြောချင်တယ်။သူတို့က နေရာမရွေး ဥပမာ လူနည်းနည်းသွားလာလှုပ်ရှားတဲ့နေရာတွေ့ရင် သူတို့က ဗုံးလိုက်ကြဲတယ် အဲဒီလိုမြင်မိတာပေါ့” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
KIO/KIA အနေနဲ့လည်း ပြည်သူလူထုတွေ အနေနဲ့ လူစုလူဝေး မလုပ်ဖို့သတိပေးတာတွေ လုပ်
ဆောင်ထားတာရှိပါတယ်။ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ(KHRW)ရဲ့ ထုတ်ပြန်ချက်အရကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေ
ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အရပ်သား ၁၃၃ဦး သေဆုံးကာ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မြေပြင်အခြေအနေအရတော့ ပိုပြီးမှ သေဆုံးမှုတွေ ထိခိုက်မှုတွေ ပိုပြီးမှ များနိုင်ပါတယ်။ ကျနော်တိုကတော့ လက်လှမ်းမီသလောက် ကောက်ထားခြင်းဖြစ်ပါတယ်”လို့ KHRပြောရေးဆိုခွင့်
ရှိသူ ကိုဂျေကော့ က ပြောထားပါတယ်။

စစ်ကောင်စီဟာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို ဖော်ပြထားပါတယ်။

” စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူတွေ နေတဲ့နေရာကို ဦးတည်တိုက်ခိုက်တာကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို KHRW အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်” လိုလည်း ကိုဂျေကော့က ပြောပါတယ်။
စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ အတွင်း ကချင်ပြည်နယ်မှာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရမှု ဖြစ်စဉ် ၅ကြိမ်ထက်မနည်းရှိခဲ့တယ်လို ဆိုပါတယ်။

၂၀၂၅ ဇန်နဝါရီက တနိုင်းမြိုနယ် ကစန်လွန်ရွှေမှော်ကို လေကြောင်းဗုံးကြဲခဲ့လို အရပ်သား ၁၅ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီမှာလည်း မိုးမောက်မြိုနယ် ဒေါ့ဖုန်းယန်မြိုကို စစ်တပ် လေကြောင်း ဗုံးကြဲလို ကလေးငယ် ၃ဦးအပါအဝင် ၇ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တယ်လို အသိပေးထားပါတယ်။

ဒါ့အပြင် ၂၀၂၅ မတ်လမှာ ဗန်းမော်မြိုတွင်း ပိတ်မိနေတဲ့ စစ်ရှောင်နေထိုင်ရာ နေရာကို လေကြောင်းဗုံးကြဲခဲ့လို ပြည်သူ ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို ဆိုပါတယ်။ ဇန်နလ ၇ရက်မှာလည်း ဖားကန့်မြိုနယ် လုံးခင်းဒေသကို စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်လို အရပ်ား ၉ဦး သေဆုံးခဲ့ရသလို စက်တင်ဘာ ၂၉ရက်ကလည်း ဝိုင်းမော်မြိုနယ် ဆဒုံးဒေသကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ပြည်သူ ၈ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း KHRWက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ လေကြောင်း တိုက်ခိုက်မှု ပေါင်းများစွာကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

“ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက မိဘပြည်သူတွေအနေနဲ့ လက်ရှိ အချိန်ကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ပြီး သတိရှိရှိ နေထိုင်သွားကြဖိုတိုက်တွန်းလိုပါတယ်”လိုလည်း KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ၂၀၂၅ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေပေါင်း ၈၈၂၁ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၂၃၂၆ ဦးသေဆုံးကာ ၄၁၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး စစ်ရေးပြင်းထန်မယ့် အခြေအနေရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။