ဇန်နဝါရီ-၂၅၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေး – ပြင်ဦးလွင်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၇ နာရီခန့်ကမန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်အတက်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ (၂၂)ဦးအနက် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ မီးသတ်က သတင်းထုတ်ပြန်ပါတယ်။
“၁၆ မိုင်ဂိတ်နားက အကွေ့မှာဖြစ်တာ။ အဲဒီနားက ကားသေးတွေတောင်မှောက်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မှတ်တမ်းဓာတ်ပုံတွေအရ EliteExpress ယာဥ်ဟာ ဘေးတိုက် လဲကျသွားခဲ့တာဖြစ်ပြီး ရှေ့မှန်လည်း ကွဲသွားတာကို တွေ့ရပါတယ်။
ဒဏ်ရာရသူတစ်ဦးကို လူမှုကူညီရေးအသင်းအကူအညီနဲ့ မန္တလေးဆေးရုံပို့ထားတယ်လို့ သိရပါတယ်။


















































