Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် – မန္တလေး အဆင်းလမ်းမှာယာဉ်တိုက်မှုဖြစ်ပြီးကားချောက်ထဲကျလို့ နှစ်ဦးသေဆုံး

မန္တလေး – ပြင်ဦးလွင်လမ်းပိုင်း ရဲ့အဆင်းလမ်းမှာဒီနေ့ ဇူလိုင် ၃၁ ရက်ညပိုင်းက ကား နှစ်စီး တိုက်မိပြီး တစ်စီး လမ်းဘေးချောက်ထဲကျပြီး ကားပေါ် ပါလာသူ နှစ်ဦး သေဆုံးသွားတယ်လို့ ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဓာတ်ပုံ - MRO

ဇူလိုင် -၃၁ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေး – ပြင်ဦးလွင်လမ်းပိုင်း ရဲ့အဆင်းလမ်းမှာဒီနေ့ ဇူလိုင် ၃၁ ရက်ညပိုင်းက ကား နှစ်စီး တိုက်မိပြီး တစ်စီး လမ်းဘေးချောက်ထဲကျပြီး ကားပေါ် ပါလာသူ နှစ်ဦး သေဆုံးသွားတယ်လို့ ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဒီနေ့ ညပိုင်း ၉ နာရီခန့်က မန္တလေး – ပြင်ဦးလွင် အဆင်းလမ်းပိုင်း ၁၉ မိုင် အိုးတစ်လုံးကွေ့ မှာ အံစာတုန်း လို့ခေါ်တဲ့ TOYOTA HIACE ကားနဲ့ တွဲကား တိုက်မိတာလို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီ ဖြစ်စဉ်မှာ တွဲကားက လမ်းဘေး ချောက်ထဲ ကျသွားပြီး ကားပေါ် ပါတဲ့ အမျိုးသား နှစ်ဦး နေရာမှာတင်သေဆုံးသွားပါတယ်။

ကနဦး သိရတာကတော့ သေဆုံးသူတွေဟာ တွဲကားက ယာဉ်မောင်းနဲ့ ယာဉ်အကူအမျိုးသားတို့ဖြစ်တယ်လို့ သိထားရပါတယ်။

“ပြုတ်ကျတဲ့ ချောက်အနက်က ပေ ၁၀၀လောက်တော့ရှိမယ်”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ပြင်ဦးလွင်ဆေးရုံကြီးဆီ ပို့ထားပါတယ်။

ဓာတ်ပုံ – သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ကားလမ်းဖြတ်ကူးနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။