Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်မှာ စစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ အဘိုးအိုအပါအဝင် ၄ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

(မုန်းမြို့နယ်မှာ စစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

ဇန်နဝါရီ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၃ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မူးမြို့နယ် နိုတောတာရွာက အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့သလို ဇန်နဝါရီ ၂၄ရက်မှာ စစ်ကောင်စီက မူးမြို့နယ် ရေလဲအနောက်ဘက်ကမ်းရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၄လုံး ကြဲချခဲ့လို့ အသက်(၇၅)နှစ် အဘိုးအို အပါအဝင် ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်အချို့ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ KNU ညောင်လေးပင်ခရိုင် မှာ ပြည်သူလူထုနေထိုင်ရာတွေ့ကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်မှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ရက်ကလည်း ညောင်လေးပင် ခရိုင် ကျောက်ကြီးမြိုနယ် ဇရပ်ခင်ရွာက အမျိုးသမီး ၁ဦးဟာ စစ်တပ် လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့သလို အဲဒီနေ့မှာ မုန်းမြို့နယ် ကပ်ကြီးဆိပ်ရွာကို စစ်ကောင်စီဒရုန်းနဲ့ တိုက်ခိုက်လို့ အမျိုးသား ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ရက်မှာလည်း မုန်းမြိုနယ် နတ်လောင်းကြီးရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ထပ်မံ တိုက်ခိုက်လာလို အဘိုးအို ၁ဦး သေဆုံးခဲ့ရပါတယ်။

ဇန်နဝါရီ ၁၄ရက်ကလည်း မူးမြိုနယ် ဘုရားကုန်းရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိလို အဘိုးအို ၁ဦး၊ အဘွားအို ၁ဦးနဲ့ ကလေး ၁ဦး တို့ သေဆုံးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက KNU အုပ်ချုပ်နယ်မြေက ကျေးရွာတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေသလို ညောင်းလေးပင်ခရိုင်အတွင်းနေပြည်သူတွေကလည်း စစ်တပ်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေ အခုလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

KNU အုပ်ချုပ်နယ်မြေက ပြည်သူတွေ ဆန္ဒထုတ်ဖော်ရာမှာ သင့်မဲဖြင့် လူသတ်ခွင့် မပေးပါနဲ့၊ စစ်ရာဇဝတ်သားများဖြစ်သော စစ်အုပ်စုသည်ရွေးကောက်ပွဲ လုပ်ခွင့်မရှိ၊ အကြမ်းဖက် လူသတ် စစ်ဖိနပ်အောက်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ လုံး၀မရှိနိုင်ပါ စတဲ့ စသားတွေကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။