Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတိုက်ပွဲမှာစစ်သုံ့ပန်း၂ဦး PDFတွေ ဖမ်းမိ

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်အနီး တိုက်ပွဲ​တွေဆက်ဖြစ်နေပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီလဆန်းမှာ ဝန်သိုမြို့​မှ ကောလင်းမြို့နယ်၊သစ်ဖုလ​တောင်စစ်ကူသွားတဲ့စစ်တပ်စစ်​ကြောင်းကို PDF ​တွေဖြတ်​တောက်တိုက်ခိုက်ပြီးဖမ်းဆီးရရှိတဲ့စစ်သုံ့ပန်း​တွေ။ဓါတ်ပုံ-​ပေးပို့

ဇန်နဝါရီ-၂၈၊၂၀၂၆။အိမ်သွင်/ People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်အနီး တိုက်ပွဲ​တွေဆက်ဖြစ်နေပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

စစ်သုံ့ပန်း၂ဦးကို ဇန်နဝါရီ ၂၆ ရက်တိုက်ပွဲမှာ ဖမ်းမိတာဖြစ်ပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒဏ်ရာပြင်းတော့ စိတ်ချရတဲ့အနေအထားမှာတော့ ရှိမနေဘူး”လို့ ၎င်းက ဆက်​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းဟာ သစ်ဖုလတောင်နဲ့ (၆)မိုင်ခန့်အကွာက ကျောက်တန်းကျေးရွာမှာ တပ်စွဲထားပြီးဇန်နဝါရီ၂၇ရက်မှာ Y-8လေယာဉ်နဲ့ စစ်ကူထပ်ပို့ခဲ့ပါတယ်။

“ကျောက်တန်းရွာနားမှာလည်းတိုက်ပွဲဖြစ်တယ်။ အဲ့ဒီကို အဓိက စစ်ကူပို့နေတာ။ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လေထီးနဲ့ ချတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကောလင်းမြို့နယ်ကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းဟာ အင်အား ၂၀၀ခန့်ရှိပြီး ဝန်းသိုမြို့ထဲကခမရ(၁၀၁)နဲ့ခမရ(၁၂၀) တပ်ရင်းကနေဇ‌န်နဝါရီ ၁၆ ရက်‌က ထွက်လာခဲ့တာပါ။

အဲ့ဒီနေ့က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာနဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံကျေးရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေများပြားသလို PDFအချို့လည်းကျဆုံးခဲ့ပါတယ်။

စစ်ကြောင်းက မြေပြင်မှာရှိနေစဉ် စစ်ကောင်စီတပ်က ကောလင်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတာတွေပြုလုပ်နေပါတယ်။ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် အသေခံဗုံးနဲ့ပါ ကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာကောလင်းမြို့နယ် ကစစ်ကောင်စီတပ်စခန်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ကောလင်းနဲ့ဝန်းသိုမြို့နယ်ကြားက သစ်ဖုလစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူပြီးနယ်မြေစိုးမိုးမှုယူခဲ့ပါတယ်။

လက်ရှိစစ်ကောင်စီတပ် စစ်ကြောင်းဟာ သစ်ဖုလတောင်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒေသတွင်း စစ်ရေးအခြေအ‌နေတွေကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ရှောင်နေကြရပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။