Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မြစ်ကြီးနား-ရွှေဘိုလမ်းက ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိပိတ်လို့ကားအစီး​ရေရာချီပိတ်မိ

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကိုစစ်တပ်ကပိတ်ထားပြီး ကျောက်တန်းရွာမှာလည်းတိုက်ပွဲဖြစ် နေလို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကားအစီးရေ ထောင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်ကား မောင်းသူ အချို့ နဲ့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိပိတ်လို့ကားအစီး​ရေရာချီပိတ်မိ​နေစဥ်။ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ-၆၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကိုစစ်တပ်ကပိတ်ထားပြီး ကျောက်တန်းရွာမှာလည်းတိုက်ပွဲဖြစ် နေလို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကားအစီးရေ ထောင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်ကား မောင်းသူ အချို့ နဲ့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီဇင်ဘာလ၈ ရက်ကတည်းက စစ်တပ်ကစိုးမိုးထားတဲ့ ရွှေကိုးပင်ဂိတ်ကို စစ်တပ်ကပိတ်လိုက်တာဖြစ်ပါတယ်။

“ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်းကို ဒီလထဲမှာပဲ ကြေညာထားတာ။ကွင်းလမ်း တွေလည်း လုံခြုံရေး အခြေအနေ မကောင်းဘူး”လို့ ကုန်ကား မောင်းသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အထက်ပိုင်း ကောလင်းမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားကားလမ်း ဘေးကကျောက်

တန်းရွာမှာလည်း တိုက်ပွဲတွေဖြစ် နေတာမို့ လမ်းပိတ်ထားတယ်လို့သိရပါတယ်။

“ကျောက်တန်းရွာမှာကွင်းလမ်းကလည်းကားတွေနွံနစ် နေတယ်။လမ်းကြောမကောင်းဘူး။ရွှေဘို-မြစ်ကြီးနား တ‌ခေါက်ကို တပတ်လောက်ကြာနိုင်တယ်”လို့ ‌ကုန်ကားမောင်းသူတဦးကပြောပါတယ်။

လမ်းပိတ်ဆို့မှုတွေကြောင့် ကုန်ကားအစီး ရေ ရာနဲ့ချီပိတ်မိနေပြီး ပုတ်သိုးကုန်ကားလုံး ပျက်စီးကုန်လို့ကုန်သည်​တွေ ဆုံးရှုံးမှု တွေများတယ်လို့ သိရပါတယ်။

ဒါအပြင် မြစ်ကြီးနား-​ရွှေဘိုလမ်းကမြေနီသျှိုလမ်းဆုံ(ခင်ဦးလမ်းဆုံ)အနီးကို စစ်တပ်က ဒီဇင်ဘာ ၁၈ရက် ကဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကတိုက်ခိုက်ခဲ့ပါ​သေးတယ်။

အဲဒီတိုက်ခိုက်မှုမှာဆီခြံပေါ်တည့်တည့်ကျပြီး သေဆုံးပြည်သူ ၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“ပြည်သူတွေကော၊ ကားတွေကော ပစ်တာ။ ပစ်တာတောင် ရိုးရိုးမပစ်ဘူး။ ၁ဝ ရက်လောက် လမ်းပိတ်ပြီးမှ ပစ်တာ”လို့ကားသမားတစ်ဦးကပြောပါတယ်။

ဆီခြံ ပေါက်ကွဲမီးလောင်ခဲ့လို့ ရွှေဘို-မြစ်ကြီးနားလမ်းကြောပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ ဈေးဆိုင်ရှင်များ၊ အရပ်သားများ ထိခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။