Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမန် ရေတပ်သင်္ဘောတွေကို ဖျက်ဆီးဖို့ ကြံစည်ခဲ့သူ နှစ်ဦး အဖမ်းခံရ

ဂျာမန်ရေတပ် သင်္ဘောတွေကို နှောင့်ယှက် ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် လူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

ဂျာမန်ရေတပ် သင်္ဘောတွေကို နှောင့်ယှက် ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် လူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဲဒီ နှစ်ဦးဟာ စစ်သင်္ဘော တချို့ရဲ့ အီလက်ထရောနစ် လုံခြုံရေး ခလုတ်တွေကို ပိတ်ထားတာ၊ ဆီတိုင်ကီ အဖုံးတွေကို ဖွင့်ထားတာ၊ ဆီပိုက်လိုင်းတွေထဲ ရေလောင်းထည့်တာ၊ သင်္ဘောတစ်စီးရဲ့ အင်ဂျင်ထဲကို ကျောက်စရစ်ခဲ ၂၀ ကီလိုဂရမ်လောက် ကျုံးထည့်ထားတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စတွေကို သတိသာ မထားမိလိုက်ဘူးဆိုရင် သင်္ဘောတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီး ဂျာမန်ရေတပ်သားတွေကိုပါ အန္တရာယ် ဖြစ်သွားစေနိုင်တယ်လို့ ဥရောပ သမဂ္ဂ (EU)ရဲ့ ရာဇဝတ်မှု စုံစမ်းရေးဌာန Eurojustက ထုတ်ပြန်ခဲ့ပါတယ်။

အဖမ်းခံရသူ နှစ်ဦးဟာ အသက် ၃၇ နှစ်အရွယ် ရိုမေးနီးယား နိုင်ငံသားနဲ့ အသက် ၅၄ နှစ်အရွယ် ဂရိနိုင်ငံသားတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဟမ်းဘာ့ဂ် ဆိပ်ကမ်းမှာ အလုပ်လုပ်ကြပြီး မနှစ်တုန်းက ဂျာမန် ရေတပ်သင်္ဘောတွေကို အခုလို ပစ်မှတ်ထား ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့နှစ်ဦးရဲ့ မိခင်နိုင်ငံတွေက ပူးပေါင်းကူညီပေးခဲ့တဲ့နောက် သံသယရှိသူ နှစ်ဦးကို ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းက ဂျာမနီနဲ့ ဂရိနိုင်ငံတွေမှာ ဖမ်းမိခဲ့ကြောင်း Eurojustက ဆိုပါတယ်။

ဂျာမန် စစ်သင်္ဘောတွေကို ဘာကြောင့် အခုလို လုပ်ကြံဖျက်ဆီးဖို့ ကြံစည်ခဲ့ကြသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဥရောပတိုက် တနံတလျားမှာ ရုရှားအေးဂျင့်တွေ နှောင့်ယှက်ဖျက်ဆီးမှု စစ်ဆင်ရေးတွေ လုပ်ဆောင်မှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုကိစ္စနဲ့ ကြုံခဲ့ပေမယ့် ရုရှားလက်ချက်လို့တော့ ဂျာမနီက တပ်အပ် မစွပ်စွဲသေးပါဘူး။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ဂျာမနီနဲ့ အနောက်ဥရောပ နိုင်ငံတွေဟာ ရုရှားလက်ချက်လို့ ယုံကြည်ရတဲ့ အနှောင့်အယှက်ပေးမှု ဖြစ်စဉ်တွေကို အရင်ကလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။ ဥပမာ ဘောလ်တစ် ပင်လယ်ထဲက ရေအောက် ဆက်သွယ်ရေး ကြိုးလိုင်းတွေ ဖျက်ဆီးခံရတာ၊ စစ်စခန်းတွေနဲ့ လေဆိပ်တွေနားမှာ ဒရုန်းတွေ ပျံသန်းနေလို့ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ နှောင့်နှေးတာမျိုး ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

နိုင်ငံတကာ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။