Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာရင်ကွဲစရာလို့ ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်းပြော

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်အဲရစ်ကပြောပါတယ်။

■“ဒါဟာဖိုးဖိုးရဲ့ အိပ်မက်မက်ခဲ့တဲ့ အနာဂတ်လည်း မဟုတ်သလို မေမေ သူ့ဘ၀ကို ရင်းပြီး အောင်မြင်အောင် လုပ်ဖို့ ရည်စူးထားတဲ့ အနာဂတ်လည်း မဟုတ်ပါဘူး။”

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်အဲရစ်ကပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ကိုထိန်လင်းက အမှတ်တရစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တာ​​ကြောင့် ဗိုလ်ချုပ်ကိုဂုဏ်ပြုပြီး မြန်မာနိုင်ငံရဲ့ကလေးများ
နေ့လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“နိုင်ငံရဲ့ အနာဂတ်ဟာ ယနေ့ ကလေးတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာကို သတိပေးတဲ့နေ့လည်းဖြစ်ပါတယ်”လို့ ကိုထိန်လင်းက ပြောပါတယ်။

သူ့အနေနဲ့ အဖိုးဖြစ်သူနဲ့ နီးစပ်သလိုခံစားရကြောင်းကိုထိန်လင်းက ပြောပြီး အဖိုး ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ပဲပြုတ်၊ နံပြား၊ ချဉ်ပေါင်းဟင်း အစရှိတဲ့ မြန်မာ အစားအစာတွေကို သဘောကျကြောင်း ပြောပါတယ်။

ဒါ့အပြင် အဖိုးဖြစ်သူရဲ့ ကတ်တနာဓားကိုလည်း တန်ဖိုးထားကြောင်း ကိုထိန်လင်းက ပြောပြပြီး မိခင်ဖြစ်သူက ဒီဓါးကို သူတန်ဖိုးထားတာသိတာမို့ ဒါဟာ ကိုထိန်လင်းအတွက် အဖိုးရဲ့ အမွေလို့ ပြောခဲ့တာကြောင့် အဲဒီဓားကို တနေ့မှာ ပြန်ရဖို့ မျှော်
လင့်တယ်လို့ ​ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်ရွယ်ချက်ဟာ ကလေးတိုင်း ဂုဏ်သိက္ခာ အခွင့်အလမ်းနဲ့ မျှော်လင့်ချက်တွေနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တခု တည်
ဆောက်ဖို့ဖြစ်ပြီး အဲဒီ အမြင်ဟာ မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀တလျှောက်လုံး လမ်းညွှန်ပေးခဲ့တာလို့ ပြောပါတယ်။

“ဒီနေ့ လက်တွေ့ဘ၀က ရင်ကွဲစရာပါပဲ။မြန်မာတနိုင်ငံလုံးမှာ ကလေးတွေဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြ၊ပညာရေးဆုံးရှုံးနေကြ၊ကျောင်းတွေမှာ ပညာ
သင်ကြားနေရင်းနဲ့ သေဆုံးမှုတွေလည်း အများကြီး ရှိနေပါတယ်။ဒါဟာ ဖိုးဖိုးရဲ့ အိပ်မက် မက်ခဲ့တဲ့ အနာဂတ်လည်း မဟုတ်သလိုမေမေသူ့ဘ၀ကို ရင်းပြီး အောင်မြင်အောင် လုပ်ဖို့ ရည်စူးထားတဲ့ အနာဂတ်လည်း မဟုတ်ပါဘူး” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ကို မှတ်မိနေခြင်းဟာသမိုင်းကို ဂုဏ်ပြုခြင်းသပ်သပ်မဟုတ်ဘဲ ကလေးတွေကို ကာကွယ်ဖို့နဲ့ သူတို့ ထိုက်တန်တဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့အနာဂတ်အတွက် ဆက်လက်လုပ်ဆောင်ဖို့ တာဝန် ၀တ္တရားကို ပြန်လည်အသက်သွင်းခြင်းဖြစ်ကြောင်း ကိုထိန်းလင်းက ပြောပါတယ်။

“ကလေးတွေအတွက်အနာဂတ်အတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု အတွက်” လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာနိုင်ငံတဝန်းလေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာ စတဲ့ နည်းမျိုးစုံနဲ့ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်လျက်ရှိရာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ အစုလိုက် အပြုံလိုက်သေဆုံးရတာ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အာဏာသိမ်းပြီး ၅နှစ်တာအတွင်း ကလေးငယ် ၆၅၈ ဦး အပါအဝင် ပြည်သူ ၄၈၀၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီ ကျူးလွန်တဲ့ အခြား တိုက်ခိုက်မှု မီးရှို့ အကြမ်းဖက်မှု တွေကြောင့်လည်း ကလေးငယ်တွေအပါအဝင် သေဆုံးထိခိုက်ရသူ​ပြည်သူ​​ပေါင်း​
ထောင်​သောင်းချီရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

Facebook