Connect with us

Hi, what are you looking for?

သတင်း

ဖမ်းထားတဲ့ တရုတ် ငါးဖမ်းလှေ ရေယာဉ်မှူးကို ဂျပန် ပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက နာဂါဆာကီ ကမ်းလွန်က ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်မှာ ငါးခိုးဖမ်းနေတယ်လို့ ယုံကြည်ရတဲ့ တရုတ် ငါးဖမ်းလှေကို ဂျပန် ငါးလုပ်ငန်း အေဂျင်စီ တာဝန်ရှိသူတွေက ရပ်တန့်စေခဲ့ပါတယ်။ ဒါပေမဲ့ ရေယာဉ်မှူးက မနာခံဘဲ မောင်းပြေးခဲ့တာကြောင့် သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တရုတ် ငါးဖမ်းလှေ တစ်စီးကနေ ဖမ်းဆီးထားတဲ့ ရေယာဉ်မှူးကို ဂျပန်က ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက နာဂါဆာကီ ကမ်းလွန်က ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်မှာ ငါးခိုးဖမ်းနေတယ်လို့ ယုံကြည်ရတဲ့ တရုတ် ငါးဖမ်းလှေကို ဂျပန် ငါးလုပ်ငန်း အေဂျင်စီ တာဝန်ရှိသူတွေက ရပ်တန့်စေခဲ့ပါတယ်။ ဒါပေမဲ့ ရေယာဉ်မှူးက မနာခံဘဲ မောင်းပြေးခဲ့တာကြောင့် သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်က ငါးဖမ်းလှေ အဖွဲ့သားတွေရဲ့ အခွင့်အရေးတွေနဲ့ လုံခြုံရေးကို လေးစားပေးဖို့ ဂျပန်ကို ချက်ချင်း တောင်းဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ တရုတ်နဲ့ ဂျပန်တို့ကြား တင်းမာမှုတွေ ရှိနေချိန်မှာ ပေါ်ပေါက်လာတာပါ။ ပြီးတော့ ဂျပန် ငါးလုပ်ငန်း အေဂျင်စီက ၂၀၂၂ နောက်ပိုင်း တရုတ်ငါးဖမ်းလှေ တစ်စီးကို ဟန့်တား ဖမ်းဆီးမှုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ငါးဖမ်းလှေကို ဟန့်တားခဲ့တဲ့ နေရာဟာ တရုတ်နဲ့ ဂျပန်ကြား ရေပိုင်နက် အငြင်းပွားနေတဲ့ ဒေသမှာ မဟုတ်ဘူးလို့လည်း ဂျပန်က ထုတ်ပြန်ပါတယ်။

နောက်တော့ ငါးခိုးဖမ်းမှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရက လိုအပ်တဲ့ ဒဏ်ကြေး ပေးဆောင်မယ်လို့ ညှိနှိုင်းခဲ့တဲ့နောက် ဂျပန်က အသက် ၄၇ နှစ်အရွယ် ရေယာဉ်မှူး ကျန်ညန်းလီကို ပြန်လွှတ်ပေးလိုက်ကြောင်း ဂျပန်သတင်းဌာန NHKက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းကလည်း ဂျပန်က အခုပြဿနာ ဖြစ်ပွားရာ မီရှီမာ ကျွန်းတွေနားမှာ တရုတ် ငါးဖမ်းလှေ ရေယာဉ်မှူး တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ရေး ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိက ထိုင်ဝမ်နဲ့ ပတ်သက်လို့ မှတ်ချက်စကားတစ်ခွန်း ပြောခဲ့ရာက တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး သိသိသာသာ တင်းမာသွားခဲ့ပါတယ်။ တကအိချိက တကယ်လို့ ထိုင်ဝမ်ကျွန်းကို တရုတ်ကသာ တိုက်ခိုက်ခဲ့ရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူဖို့အတွက် စစ်တပ်တွေ စေလွှတ်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တကအိချိရဲ့ စကားဟာ ဂျပန်ရဲ့ တကျော့ပြန် ခေါင်းထောင်လာချင်နေတဲ့ စစ်ဝါဒကို ညွှန်ပြနေကြောင်း တရုတ်က စွပ်စွဲခဲ့သလို ဂျပန်အပေါ် သံတမန်ရေး၊ ကုန်သွယ်ရေး နည်းလမ်းတွေနဲ့ ဖိအားပေး တုံ့ပြန်လာခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကိုသာ လိုလားကြောင်း အတိအလင်း ပြောထားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။