Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထပ်တိုးဖို့ ကြိုးစားနေတာမို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ၂ပတ်ရှိပြီလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထပ်တိုးဖို့ ကြိုးစားနေတာမို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ၂ပတ်ရှိပြီလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က သစ်ဆိမ့်ရွာကို တပ်စွဲလိုက်တဲ့ စစ်တပ်ဟာ တောင်ဘက်ကို ဆက်ထွက်ဖို့ ကြိုးစားနေတာကြောင့် ဒီနေ့အထိတိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

“ဒီနေ့က ကိုယ့်ဘက်က လုံးတာပါ။ ကိုယ့်ဘက်က ကျတာလည်းရှိတယ်။ စကစဘက်က ရထားတာ တွေလည်းရှိတယ်။ ပွဲကမပြီးသေးလို့ အသေးစိတ်ပြောလို့ မရသေးပါဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အသေခံဒရုန်း ၅စီးအထိ သုံးကာ ကျောက်မြောင်း ခလရ-၁၂ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကနေလည်း လက်နက်ကြီး ပစ်ကူတွေ ပေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဝက်လက်နယ်အရှေ့ခြမ်းကို စိုးမိုးဖို့ ကြိုးစားနေပြီး တိုက်ပွဲက နေ့တိုင်းဖြစ်နေတာမို့ အမှတ်(၃)ခရိုင် ချင်းဆက်လမ်းပိုင်းကို မသုံးကြဖို့လည်း တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook