Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နဲ့ စစ်ပွဲ ပြန်စ ပြီလို့ အစ္စရေး ကြေညာ၊ အစ္စ​​ရေးက အီရန်ကို စတင်တိုက်ခိုက်

အီရန်ကို စတင်တိုက်ခိုက်ကြောင်း အစ္စရေးက ကြေညာလိုက်ပါတယ်။

အစ္စ​ရေးတိုက်ခိုက်မှု​ကြောင့် အီရန်နိုင်ငံ တဟီရန်မြို့မှာ ​ပေါက်ကွဲမှု​ကြောင့်မီးခိုး​တွေထွက်​နေစဥ် ၊ ဓာတ်ပုံ - AP

ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆

အီရန်ကို စတင်တိုက်ခိုက်ကြောင်း အစ္စရေးက ကြေညာလိုက်ပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ အီရန်အပေါ် လက်ဦးမှုယူပြီး တိုက်ခိုက်တဲ့အကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်ပွဲစပြီဖြစ်တဲ့အတွက် အီရန်ဆီကနေ ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြု ပစ်ခတ်တုံ့ပြန်လာတာမျိုး ဖြစ်နိုင်တာကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့တာလို့ အစ္စရေး အစိုးရက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ္စ​ရေးတိုက်ခိုက်မှု​ကြောင့် အီရန်နိုင်ငံ တဟီရန်မြို့မှာ ​ပေါက်ကွဲမှု​ကြောင့်မီးခိုး​တွေထွက်​နေစဥ် ၊ ဓာတ်ပုံ – AP

အီရန်ကို ဘယ်လိုစစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ အီရန် မီဒီယာတွေကတော့ မြို့တော် တဟီရန်ရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပေါက်ကွဲသံတွေ ကြားနေရကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးတော့ မြို့ထဲက နေရာတချို့မှာ မီးခိုးလုံးတွေ အူထွက်လာတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ခဲ့ရပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေသလို အီရန်ပတ်ပတ်လည်မှာ အမေရိကန်တပ်တွေ အင်အားချဲ့ထွင် ဖြန့်ကျက်နေချိန်မှာ အစ္စရေးက စစ်ပွဲကို အရင်စလိုက်တာ ဖြစ်ပါတယ်။

အီရန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ၁၂ ရက်ကြာ စစ်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန်ကလည်း အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးစွက်ဖက်မှု အပြီးမှာတော့ အီရန်နဲ့ အစ္စရေးတို့ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် အခုတော့ အဲဒီ သဘောတူညီချက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ကိုးကား – CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။